စစ်ရေးနဲ့ ပတ်သက်လာရင် အမေရိကန်ကို အားမကိုးတော့ဘူး လို့ တောင်ကိုရီးယားဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

စစ်ရေးနဲ့ ပတ်သက်လာရင် အမေရိကန်ကို အားမကိုးတော့ဘူး လို့ တောင်ကိုရီးယားဆို



မတ် - ၂၇ ( သောကြာနေ့ ) 

တောင်ကိုရီးယားသမ္မတ လီဂျေမြောင် က တောင်ကိုရီးယား နိုင်ငံရဲ့ စစ်ဖြစ်နေတဲ့ ကာလအတွင်း စစ်ဆင်ရေး ဆိုင်ရာ ထိန်းချုပ်မှုကို အမေရိကန်ထံမှ ပြန်လည်ရယူရန် နဲ့ ရွေးချယ်ထားသော စစ်မှုထမ်းခြင်း အပါအဝင် စစ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမယ်လို့ ဒီနေ့ မနက်ပိုင်းမှာ ပြောသွားပါတယ်။ လီက ဆိုးလ်မြို့ရှိ ကာကွယ်ရေးဝန်ကြီးဌာနတွင် ထိပ်တန်း စစ်ဘက်အရာရှိများနှင့် တွေ့ဆုံစဉ် အမှာစကား ပြောကြားခဲ့တာပါ။ 

အရှေ့အလယ်ပိုင်းမှာဖြစ်နေတဲ့ ရှည်လျားသောစစ်ပွဲများလို “ဆိုးရွားသော” လုံခြုံရေးအခြေအနေကို ရင်ဆိုင်ရပြီဆိုရင် တောင်ကိုရီယားလက်နက်ကိုင်တပ်ဖွဲ့များအား အဆင်သင့်အနေအထားကို ရှိနေနိုင်ဖို့ မြှင့်တင်ထားရန် တောင်းဆိုခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တောင် - မြောက် စစ်မဲ့ဇုန် (DMZ) ရဲ့ မြောက်ဘက်ခြမ်းမှာ မြောက်ကိုရီးယားဘက်က သံခြံစည်းရိုးများ တပ်ဆင်ရန် လှုပ်ရှားမှုတွေလုပ်နေလို့ပါပဲ။  

လျင်မြန်စွာပြောင်းလဲနေတဲ့ လုံခြုံရေးပတ်ဝန်းကျင်ကို တုံ့ပြန်ရန်အတွက် မိမိကိုယ်ကို မှီခိုအားထားနိုင်တဲ့ ကာကွယ်ရေးစွမ်းရည်က မရှိမဖြစ်လိုအပ်ကြောင်း လီက ပြောကြားခဲ့ပါတယ်။ “စစ်အတွင်း စစ်ဆင်ရေး ထိန်းချုပ်မှုကို ပြန်လည် သိမ်းပိုက်ရေး အရှိန်အဟုန်နဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။ 

မြောက်ကိုရီးယားရဲ့ စစ်ရေးစွမ်းရည်နှင့် ပထဝီနိုင်ငံရေး မသေချာမရေရာမှုများကြားမှာ မိမိကိုယ်ကို မှီခိုအားထားရတဲ့ ကာကွယ်ရေး အားထုတ်မှုတစ်စိတ်တစ်ပိုင်းအနေဖြင့် စစ်ဆင်ရေးထိန်းချုပ်မှု ပြန်လည်ရရှိရေးအပေါ်  ထပ်လောင်းအလေးပေးထားပြောရတဲ့ အကြောင်းအရင်းကလည်း အမေရိကန်က မဟာမိတ်များအား ကာကွယ်ရေးတာဝန်များ ပိုမိုခွဲဝေယူရန် တောင်းဆိုထားလို့လည်း ဖြစ်ပါတယ်။ 


REF: UPI

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)