မတ် - ၂၇ ( သောကြာနေ့ )
အမေရိကန်ပြည်ထောင်စု တည်ထောင်မှု နှစ် ၂၅၀ ပြည့်အထိမ်းအမှတ်အနေနဲ့ အမေရိကန်ဒေါ်လာ ငွေစက္ကူတွေပေါ်မှာ သမ္မတ ထရမ့်ရဲ့ လက်မှတ်ကို ထည့်သွင်းတော့မယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။
ထရမ့်ရဲ့လက်မှတ်ကို ငွေစက္ကူအသစ်များတွင် ရိုက်နှိပ်မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့် ပြောပါတယ်။ အဲ့လိုလုပ်ဖို့အတွက် ငွေစက္ကူမှာ ပါတဲ့ ဘဏ္ဍာရေးမှူး၏ လက်မှတ်ကို ဖယ်ရှားလိုက်မှာပါ။
၁၈၆၁ ခုနှစ် အမေရိကန်ဒေါ်လာငွေစက္ကူ ကို စတင်မိတ်ဆက်ပြီးကတည်းက သမ္မတလက်မှတ်ကို ငွေစက္ကူထဲကို ထည့်သွင်းတာက ပထမဆုံးအကြိမ် ဖြစ်သွားပါတယ်။ လက်မှတ်အသစ်ပါတဲ့ ပထမဆုံး ၁၀၀ တန်တွေကို ဇွန်လတွင် ရိုက်နှိပ်ထုတ်ဝေရန် မျှော်လင့်ထားပြီး နောက်ပိုင်းတွင် အခြားသော ငွေစက္ကူတွေကိုလည်း ထုတ်ဝေမှာဖြစ်ပါတယ်။
“သမ္မတ Trump ရဲ့ ဦးဆောင်မှုအောက်မှာ၊ ကျွန်တော်တို့ဟာ ဘဏ္ဍာရေးအင်အားနဲ့ တည်ငြိမ်ရေးဆီ ဦးတည်တဲ့ လမ်းကြောင်းပေါ် ရောက်နေပါပြီ”လို့ ဘက်ဆန့်က ဆိုပါတယ်။ “ကျွန်ုပ်တို့ရဲ့ နိုင်ငံကြီးနဲ့ သမ္မတ ထရမ့် တို့ရဲ့ သမိုင်းဝင် အောင်မြင်မှုတွေကို အသိအမှတ်ပြုဖို့ သူ့နာမည်တပ်ထားတဲ့ အမေရိကန် ဒေါ်လာငွေစက္ကူတွေ ထုတ်တာထက် ပိုကောင်းတဲ့ နည်းလမ်းတော့ မရှိပါဘူး”လို့လည်းပြောပါတယ်။
REF: Indian express
#News #MNP

No comments:
Post a Comment