ထိုင်းက မီးသင်္ဂြိုဟ်စက် လောင်စာပြတ်သွားလို့ ယာယီပိတ်ထားလိုက်ရပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ထိုင်းက မီးသင်္ဂြိုဟ်စက် လောင်စာပြတ်သွားလို့ ယာယီပိတ်ထားလိုက်ရပြီ


မတ် - ၁၆ ( တနင်္လာနေ့ ) 

ထိုင်းနိုင်ငံ နက်ခွန်ဖာနွန် ပြည်နယ်ရှိ နာမည်ကြီး ဘုရားကျောင်း တစ်ခုသည် မီးသဂြိုလ်စက် လည်ပတ်ရန် လိုအပ်သော လောင်စာဆီ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရလို့ ဈာပန အခမ်းအနား အတွက် ဘုရားကျောင်းကို အားကိုးအားထားပြုနေရတဲ့ ဒေသခံပြည်သူများ အကြား စိုးရိမ်မှု မြင့်တက်လာနေပါတယ်။ 

မနေ့က မောင်းခရိုင်ရှိ ဝပ်မဟာသက်ဘုရားကျောင်းမှာ ရုပ်အလောင်းလက်ခံခြင်းအား ယာယီရပ်ဆိုင်းခဲ့ပြီး သင်္ဂြိုဟ်ခြင်းကို ပိတ်လိုက်ပြီလို့ ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့နေတဲ့ သတင်းတွေကို ဒေသခံအာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။ 

ဝပ်မဟာသက်ရဲ့ လက်ထောက်ဆရာတော်နှင့် လက်ထောက်သာသနာရေးမှူး က ဘုရားကျောင်းအနေနဲ့ ၎င်းရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှတစ်ဆင့် တရားဝင်ကြေငြာချက်ထုတ်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ထိုဒေသရှိ ဓာတ်ဆီဆိုင်များမှ လောင်စာဆီများကို ရောင်းချရန် ငြင်းဆိုထားသောကြောင့် ဘုရားကျောင်းတွင် မီးသဂြိုလ်ရန်အတွက် လောင်စာဆီ ရရှိနိုင်မည်မဟုတ်ကြောင်း ၎င်းက ရှင်းပြပါတယ်။ 

ဘုရားကျောင်းရဲ့ မီးသဂြိုလ်စက် ရဲ့ မီးဖိုက ရေနံနှင့်လျှပ်စစ်ဓာတ်အား နှစ်မျိုးလုံးသုံးပြီး လည်ပတ်ကာ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မှုစနစ်တစ်ခုဖြစ်အောင် လုပ်ထားပါတယ်။  မီးသင်္ဂြိုဟ်မှု တစ်ခုစီတွင် လောင်စာဆီလီတာ ၉၀ ခန့် လိုအပ်ပြီး ဝန်ဆောင်မှုတစ်ခုလျှင် ဘတ် ၃၀၀၀ ခန့် ကုန်ကျတယ်လို့ သိရပါတယ်။ 

ယခင်က ဘုရားကျောင်းသည် လောင်စာဆီလီတာ ၁၀၀ အထိ သိုလှောင်ထားနိုင်ခဲ့ပေမဲ့  ယခုအခါ ဓာတ်ဆီဆိုင်များက အရောင်းအ၀ယ်တစ်ခုလျှင် ဘတ် ၅၀၀ အထိ ကန့်သတ်ထားပြီး လောင်စာပုံး သို့မဟုတ် ဗူးများကို ဖြည့်ရန် ငြင်းဆန်လျက်ရှိပါတယ်။ 


REF: The Nation

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)