လှိုင်၊ မတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် (ဆဋ္ဌမ) အကြိမ်မြောက် လှိုင်မြို့နယ်လုံးဆိုင်ရာ သာသနနုဂ္ဂဟပရိယတ္တိစာတော်ပြန်ပွဲကြီးတွင် ပြန်ဆိုအောင်မြင်တော်မူကြသော သံဃာတော်များနှင့် သီလရှင်များအား အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က အမှတ်(၆)ရပ်ကွက်၊ ဇေယျဝတ္တီပရိယတ္တိစာသင်တိုက် ဝိဇ္ဇာဓရဓမ္မဗိမာန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ဇေယျဝတ္တီပရိယတ္တိစာသင်တိုက်ကြီး၏ ပဓာနနာယကဆရာတော်ကြီး မဟာဂန္တဝါစကပဏ္ဍတဘဒ္ဒန္တဥတ္တရ ဆရာတော်ဘုရာကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီးနောက် လှိုင်မြို့နယ်သာသနာနုဂ္ဂဟအသင်းဥက္ကဋ္ဌ ဦးဆွေဝင်းမှ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး အကြည်ညိုခံပင့်သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှိုင်မြို့နယ်လုံးဆိုင်ရာ သာသနာနုဂ္ဂဟပရိယတ္တိစာတော်ပြန်ပွဲကြီး အောင်မြင်ရေးအတွက် ပါဝင်လှူဒါန်းကြသော အလှူရှင်များအား ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့ကြသည်။
၂၀၂၅ ခုနှစ် နိုင်ငံတော်အစိုးရ ပါဠိပထမပြန်စာမေးပွဲနှင့် ဆဋ္ဌမအကြိမ်မြောက် လှိုင်မြို့နယ်လုံးဆိုင်ရာ သာသနာနုဂ္ဂဟပရိယတ္တိစာတော်ပြန်ပွဲကြီးတွင် ပြန်ဆိုအောင်မြင်တော်မူကြသော သံဃာတော် (၂၄၂) ပါးနှင့် သီလရှင်ဆရာလေး (၂) ပါးတို့အား လှိုင်မြို့နယ်သာသနာနုဂ္ဂဟအသင်းဥက္ကဋ္ဌ ဦးဆွေဝင်း၊ မြို့မိမြို့ဖများ၊ အလှူရှင်များက အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းကြပြီးနောက် ဇေယျဝတ္တီပရိယတ္တိစာသင်တိုက်ကြီး၏ ပဓာနနာယကဆရာတော်ကြီး မဟာဂန္တဝါစကပဏ္ဍတဘဒ္ဒန္တဥတ္တရ ဆရာတော်ဘုရားကြီးထံမှ သာဓုအနုမောဒနာတရားချီးမြှင့်၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
ဇော်ဇော်နိုင်
#News #MNP



No comments:
Post a Comment