မတ် - ၁၆ ( တနင်္လာနေ့ )
ပြီးခဲ့သည့် နှစ်ပတ်အတွင်းက ထိုင်ဝမ် လေကြောင်းရန်ကာကွယ်ရေး သတ်မှတ်ဇုန် (ADIZ) အတွင်းသို့ တရုတ်တို့ရဲ့ ကျုးကျော်ဝင်ရောက်မှု လျော့နည်းသွားပြီးနောက် မနေ့က ထိုင်ဝမ်ကျွန်းအနီးသို့ တရုတ်စစ်လေယာဉ် နှစ်ဒါဇင်ကျော်နှင့် ရေတပ်သင်္ဘောအများအပြား ပြန်လည်ရောက်ရှိလာတာကို ရေဒါကနေဖမ်းယူ ရှာဖွေတွေ့ရှိခဲ့ ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပါတယ်။
ကျွန်းအနီးကို စစ်လေယာဉ် ၂၆ စင်းချည်းကပ်လာခဲ့ရာ ၎င်းတို့အနက် ၁၆ စင်းသည် ADIZ ကို ချိုးဖောက်ခဲ့ကြောင်း နဲ့ ရေတပ်သင်္ဘော ၇ စင်းကလည်း ကျွန်းဘက်ကို ရွက်လွှင့်ခဲ့ကြောင်း အမေရိကန် မီဒီယာအချို့က ဖော်ပြခဲ့ပါတယ်။ တရုတ်က ထိုင်ဝမ်ဘက်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်မှ မတ်လ ၅ ရက်အထိ ၁၀ ရက် နဲ့ မတ်လ ၇ ရက်မှ ၁၀ ရက်အတွင်း ကျွန်းအနီးမှာ လေယာဉ်ပျံသန်းမှု မလုပ်ခဲ့ကြောင်း သိရပါတယ်။ အခြားရက်တွေမှာလည်း တရုတ်စစ်လေယာဉ်တွေ ပျံသန်းမှုက နှစ်ကြိမ်မျှသာ ရှိတယ်လို့သိရပါတယ်။
ထိုင်ဝမ်ဘက်က ၎င်းရဲ့လေပိုင်နက်နှင့် ရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာမှုကို နှောင့်ယှက်မှုအဖြစ် မှတ်ယူထားပေမဲ့ တရုတ်ဘက်ကတော့ ထိုင်ဝမ်သည် တရုတ်ပိုင်နက်လို့ ယူဆထားတာကြောင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်တဲ့အချိန်မှာ လိုအပ်ရင်လိုအပ်သလို ကျွန်းကို အင်အားသုံးယူမယ် လို့ ခြိမ်းခြောက်ထားပါတယ်။
နိုင်ငံရေးကျွမ်းကျင်သူတွေကတော့ ဒီလအကုန်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်မြို့တော် ဘေကျင်းဆိကို လာရောက်မလည်ပတ်ခင် မဟာဗျူဟာမြောက် စစ်ရေး ထိန်းသိမ်းမှုအစီအစဉ်တစ်ရပ်အဖြစ်၎င်း ၊ ကျင်းပပြီးသွားတဲ့ တရုတ်လွတ်တော်အမတ်တွေရဲ့ ညီလာခံကို အကာအကွယ်ဖြစ်စေအောင် လို့ အခုလို ထိုင်ဝမ်ရေလက်ကြားထဲမှာ တရုတ်စစ်တပ်တွေရဲ့ လှုတ်ရှားမှု ဖြစ်တယ်လို့ ခန့်မှန်းကြပါတယ်။
REF: UPI
#News #MNP


No comments:
Post a Comment