ထားဝယ်၊ မတ် ၁၆
တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ၏(၁ /၂၀၂၆)ကြိမ်မြောက်အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တိုင်းဒေသကြီး တွင် ရင်းနှီးမြှပ်နှံအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာမှုများ ရှိခဲ့ကြောင်း၊ ယနေ့တွင် ရင်းနှီးမြှပ်နှံ မှုနှင့်ပတ် သက်၍ဆုံးဖြတ်ပေးရမည့်လုပ်ငန်းတစ်ခုရှိကြောင်း၊ တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက်ရင်းနှီးမြှပ်နှံမှုများ အား အရှိန်အဟုန်မြှင့်၍များစွာ လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေး ရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီလက်ထက်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် ခွင့်ပြုခဲ့သည့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ လည်း ကောင်း၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ၏ အမှတ် (၁၈/OSS) ၊ ထီးခီးကျေးရွာ၊ အမြားကျေးရွာအုပ်စု၊ ထားဝယ်မြို့နယ်၊ ထားဝယ်ခရိုင်၊ တနင်္သာတိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့်အပန်းဖြေစခန်းတည် ဆောက်၍ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းဆောင်ရွက် လျက်ရှိသော Diamond Htee Khee Co., Ltd. က တည်ဆောက်ရေးကာလ ဒုတိယအကြိမ် ထပ်မံတိုးမြှင့်ခွင့်ပြုပါ ရန် တင်ပြ လာခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဝင်များက ဖြည့်စွက် ဆွေးနွေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ကျော်ကျော်လတ်
#News #MNP
No comments:
Post a Comment