မတ် - ၁၆ ( တနင်္လာနေ့ )
မနေ့ညက ဟောလီဝုဒ်မှာ ကျင်းပခဲ့တဲ့ ၂၀၂၅ ခုနှစ် တစ်နှစ်တာ အကောင်းဆုံး ရုပ်ရှင် အော်စကာဆုပေးပွဲမှာ One Battle After Another ရုပ်ရှင်က အကောင်းဆုံးရုပ်ရှင်ဆုကို ရရှိခဲ့ပါတယ်။
ပေါ်လ်သောမတ် အန်ဒါဆင် က အကောင်းဆုံး ဒါရိုက်တာဆုနှင့် အကောင်းဆုံး ဇာတ်ညွှန်းဆုများကို လက်ခံရယူခဲ့ပြီး ဇာတ်ပို့အဖွဲ့ဝင် ရှောင်ပန်း က အကောင်းဆုံး ဇာတ်ပို့ဆုကို ရရှိခဲ့ပေမဲ့ ဆုလက်ခံရယူရန် ပွဲကိုတက်ရောက်နိုင်ခြင်း မရှိခဲ့ပါဘူး ။ ဒီဇာတ်ကားဟာ ရုပ်ရှင်တည်းဖြတ်ခြင်း ဆုတွေကိုလည်း ရရှိခဲ့ပါတယ်။
Sinners ရုပ်ရှင်ကားကတော့ အကောင်းဆုံးသရုပ်ဆောင် မိုက်ကယ်ဘီဂျော်ဒန် နဲ့ ရိုင်ယန်ကော့ဂ်လာ က - အကောင်းဆုံး မူရင်းဇာတ်ညွှန်းဆုတို့ကို ရရှိခဲ့ပါတယ်။
Hamnet ရုပ်ရှင်ကားနဲ့ ဂျက်ဆီ ဘက်ကလေ က အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ရွေးချယ်ခံခဲ့ရပြီး Weapons ဇာတ်ကားနဲ့ အေမီမာဒီဂန် က အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု အော်စကာဆုကို ရရှိခဲ့ပါတယ်။
K Pop Demon Hunters ဇာတ်ကား က အကောင်းဆုံး အန်နီမေးရှင်း အဖြစ် မဲပေးရွေးချယ်ခံရပြီး အဲ့ဒိထဲက ရုပ်ရှင်သီချင်းဖြစ်တဲ့ "golden" သည် အကောင်းဆုံး မူရင်းသီချင်းဆု ဆွတ်ခူးခဲ့ပါတယ်။ အဲ့ဒိဆုက K Pop hit ပထမအကြိမ်ရတာပဲ ဖြစ်ပါတယ်။
Frankenstein ရုပ်ရှင်ကတော့ အကောင်းဆုံး ဝတ်စုံများ၊ အကောင်းဆုံး ဆံပင်နှင့် အလှဖန်တီးရှင် နှင့် အကောင်းဆုံး ထုတ်လုပ်ရေး ဒီဇိုင်းများအတွက် ဆုများ ရသွားခဲ့ပါတယ်။
Sentimental Value ဇာတ်ကားက အကောင်းဆုံး နိုင်ငံတကာ ဇာတ်ဆောင်ဆုရရှိခဲ့ပြီး Mr. No Body Against Putin ဇာတ်ကားက အကောင်းဆုံးမှတ်တမ်းရုပ်ရှင်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
REF: UPI
#News #MNP


No comments:
Post a Comment