မတ် - ၁၅ ( တနင်္ဂနွေနေ့ )
ရုရှားတောင်ပိုင်းက ပင်လယ်နက်ကမ်းရိုးတန်းအနီးတွင် ဂရိအလံတပ်ထားသော ရေနံတင်သင်္ဘောတစ်စင်းအား ဒုံးကျည် သို့မဟုတ် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဂရိနိုင်ငံ အေသင်မြို့အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။ ရုရှားရေနံနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) တင်ဆောင်လာသည့် သင်္ဘောအများအပြားကို မကြာသေးမီလများ အတွင်းက ယူကရိန်းဒရုန်းတွေလို့ သံသယရှိတဲ့ ဒရုန်းတွေက တိုက်ခိုက်ခဲ့ပါတယ်။
ယူကရိန်းက ပင်လယ်နက်အတွင်းရှိ ရုရှားရေနံနှင့် သဘာဝဓာတ်ငွေ့ အခြေခံအဆောက်အအုံများကို ဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။
စနေနေ့က ဂရိရေကြောင်းရေးရာဝန်ကြီး က သင်္ဘောသား ၂၄ ဦး လိုက်ပါလာတဲ့ မာရန်ဟိုးမား သင်္ဘောပေါ်ကို ရုရှားနိုင်ငံ နိုဗိုရိုဆစ်ယက် ဆိပ်ကမ်းနေရာမှာ တိုက်ခိုက်ခံလိုက်ရတယ်လို့ ပြောပါတယ်။ သင်္ဘောအမှုထမ်းများ တွင် ဂရိလူမျိုး ၁၀ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၁၃ ဦးနှင့် ရိုမေးနီးယားတစ်ဦးတို့ ပါဝင်ပြီး ၎င်းတို့အနက် တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ကြောင်း ဂရိမီဒီယာများက ဖော်ပြခဲ့ပါတယ်။ ဝန်ကြီးဌာနရဲ့ အဆိုအရ ရေနံတင်သင်္ဘောသည် သယ်ဆာလိုနီကီဆိပ်ကမ်းမှ ထွက်ခွာပြီးပြီးချင်း ရုရှားကမ်းရိုးတန်းမှ ရေမိုင် ၁၄ မိုင်အကွာမှာ "ဒုံးကျည် သို့မဟုတ် ဒရုန်း (UAV)" ထိမှန်ခဲ့တာပဲဖြစ်တယ်လို့ သိရပါတယ်။
ဂရိဘက်ကတော့ အရပ်သားလုပ်ငန်းတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာနဲ့ ပတ်သက်လို့ ဥရောပကောင်စီကိုတင်ပြီး ဆွေးနွေးမယ်လို့ ပြောထားပါတယ်။
REF: RT
#News #MNP

No comments:
Post a Comment