နိုင်ငံတော်၏လုပ်ငန်းစဉ်များ အချိန်တိုအတွင်း ထိရောက်အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကဏ္ဍပေါင်းစုံ၊ ဘက်ပေါင်းစုံမှ အသိပညာရှင် အတတ်ပညာရှင်များ၊ တိုင်းရင်းသားပြည်သူများက ထွက်ပေါ်လာမည့် နိုင်ငံတော်အစိုးရအသစ်နှင့်အတူ စည်းလုံးညီညွတ်စွာဖြင့် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ကြရန် အလေးအနက်ထား တိုက်တွန်းမှာကြားလိုပါသည်။
နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် အဓိကကျပြီး အခြေခံလိုအပ်ချက်ဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လမ်းပန်းဆက်သွယ်မှု တိုးတက်စေရေးစသည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အခြေခံအကျဆုံး ဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများကို တိုးတက်အောင်မြင်မှုရရှိစေရန် မဖြစ်မနေဆောင်ရွက်ရမည် ဖြစ်ပါသည်။
((၅၂) နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနားသို့ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ပေးပို့သည့် သဝဏ်လွှာ မှ -)
#News #MNP

No comments:
Post a Comment