တိုင်းဒေသကြီးဝန်ကြီးချုပ် (၈၁)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ပုသိမ်) (၃)ထပ်သင်တန်းသားဆောင်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ် (၈၁)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ပုသိမ်) (၃)ထပ်သင်တန်းသားဆောင်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်












ပုသိမ်၊ မတ် ၁၉

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် ယမန်နေ့က ပုသိမ်မြို့နယ်၊ ကြခတ်ချောင်ကျေးရွာ၌ (၈၁)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ပုသိမ်) (၃)ထပ်သင်တန်းသားဆောင် (၁၃၆ပေ×၄၄ပေ)ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့သည်။

ယင်းနောက်  သင်တန်းသားဆောင် တာဝန်ယူဆောက်လုပ်သည့် ကုမ္ပဏီမှ ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကာ မင်္ဂလာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ပြီး (၃)ထပ်သင်တန်းသားဆောင်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အားကစားနှင့်ကာယပညာသိပ္ပံ(ပုသိမ်) မိုးလုံလေလုံအားကစားရုံတွင် နွေရာသီအခြေခံ အားကစားသင်တန်းဖွင့်လှစ် သင်ကြားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များသည် ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာ Ayeyarwaddy Fisheries   Limited ၏ ငါးမွေးကန်အား သွားရောက်ကြည့်ရှုအားပေးပြီး  (၆၄)နှစ်မြောက်တောင်သူ လယ်သမားနေ့ အခမ်းအနားအတွက် ပြသရန်စိုက်ပျိုးခဲ့သော အိန္ဒိယနေကြာမျိုး (Suryakiran) ဆီထွက်သီးနှံနေကြာစံကွက်ရိတ်သိမ်းပွဲသို့ တက်ရောက်၍ တောင်သူများနှင့်တွေ့ဆုံကာ“ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်ပြီးဧရာဝတီပေါ်ဆန်းအား တိုင်းဒေသကြီး၏ Brand တစ်ခုအဖြစ် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေတော်မိုးတော် ဧက၂၇သိန်းကျော်တွင် ပိုက်ဆံလျှော်ရာနှုန်းပြည့် ထည့်သွင်းစိုက်ပျိုးနိုင်ခဲ့ပါကြောင်း၊  တိုင်းဒေသကြီး ၏ စိုက်ပျိုးသီးနှံများ ပန်းတိုင် အထွက်နှုန်းရောက်ရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်း(၄)သွယ်ကို အခြေခံ ဆောင်ရွက်လျက်ရှိပြီး ဆီဖူလုံရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာနှင့် ပဲပုပ်များအား ဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဧရာဝတီတစ်ဝှမ်း နေကြာလွှမ်းစေဖို့ နေကြာဖြစ်ထွန်းအောင်မြင်သည့် နေရာများတွင် အထွက်ကောင်းမျိုးများကို အသုံးပြု၍တိုးချဲ့စိုက်ပျိုးလျက်ရှိပါကြောင်း၊ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားတွင် ဧရာဝတီတစ်ဝှမ်း နေကြာလွှမ်းရမည် ခေါင်းစဉ်ဖြင့် ဆီဖူလုံရေးအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ပါကြောင်း၊ နွေစပါးကန်သင်း ဘောင်ပေါ်တွင် ကျင်းစနစ်ဖြင့် စိုက်ပျိုးသည့် နေကြာကျင်း (၁)ထောင်မှ ဆီတစ်ပုံးရရှိရေးအတွက် စမ်းသပ်စိုက်ပျိုးခြင်းကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း” ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးက စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်ခဲ့မှုများ၊ သီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိရေးနှင့် ဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိသည့် အခြေအနေများကိုရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များသည် ကျင်းစနစ်ဖြင့် စမ်းသပ်စိုက်ပျိုးခြင်းမှ ရိတ်သိမ်းသည့်နေကြာပွင့်များ၊ နေကြာစိုက်ခင်းမှ ရိတ်သိမ်းသည့် နေကြာပွင့်များ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရှိ ပျားကျွမ်းကျင်ဝန်ထမ်းများက နေကြာစိုက်ခင်းများတွင် ဝတ်မှုန်ကူးဝန်ဆောင်မှု ဆောင်ရွက်ရန် ချထားသည့် ပျားပုံးများရှိ ပျားသလက်များမှ ပျားရည်စုဆောင်းရရှိမှုနှင့် လက်တွေ့ပျားရည် ထုတ်ယူပြသမှုများ၊ နေကြာစံကွက်ရိတ်သိမ်းခြင်းမှ ရရှိသည့်နေကြာပွင့်များအား အစေ့ချွေခြင်းတို့ကို ကြည့်ရှုအားပေးခဲ့ပြီး (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ ဖိုးတောင်သူတဲစိုက်ခင်းမှ ထွက်ရှိသည့် ဟင်းသီးဟင်းရွက်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များအား လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အစိုးရနည်းပညာအထက်တန်းကျောင်း (ပုသိမ်)သို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ ဘာသာရပ်ဖြစ်သည့် မြို့ပြပုံဆွဲ ဘာသာရပ်၊ အခြေခံပရိုဂရမ် မိတ်ဆက် ဘာသာရပ်နှင့် စက်မှုပုံဆွဲ ဘာသာရပ်ဖြေဆိုနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်ပုသိမ်လမ်း မိုင် (၅၆/ဝ-၆၃/ဝ)အတွင်း ကွန်ကရစ်လမ်းအဖြစ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ မိုင် (၅၈/၁-၅၈/၂)အတွင်း လက်ဝဲဘက်ခြမ်းမျက်နှာပြင်လွှာကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ မိုင်(၅၈/၆-၅၈/၇)အတွင်း လက်ယာဘက်ခြမ်းမျက်နှာပြင်လွှာကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် မိုင်(၆၁/၁-၆၁/၂)အတွင်း လက်ယာဘက်ခြမ်းမျက်နှာပြင်လွှာ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းတိုကိုကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးတို့ကို မှာကြားခဲ့သည်။ အဆိုပါ လမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းသည် ယနေ့အထိ (၈၅%) ပြီးစီးပြီဖြစ်ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)