အီရန်က ကာတာမှာရှိတဲ့ ကမ္ဘာ့အကြီးဆုံး LNG စက်ရုံကို တိုက်ခိုက်ခဲ့လို့ အာရပ်နိုင်ငံတွေနဲ့ ပြဿနာတက်ပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

အီရန်က ကာတာမှာရှိတဲ့ ကမ္ဘာ့အကြီးဆုံး LNG စက်ရုံကို တိုက်ခိုက်ခဲ့လို့ အာရပ်နိုင်ငံတွေနဲ့ ပြဿနာတက်ပြီ


မတ် - ၁၉ ( ကြာသပတေးနေ့ ) 

အီရန်နိုင်ငံ ဆောက်ပါးစ် ဓာတ်ငွေ့တွင်းကို အစ္စရေးက တိုက်ခိုက်မှုအပြီးတွင် အီရန် က ကာတာနိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး သဘာဝဓာတ်ငွေ့ရည်(LNG) စခန်းကို  ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်လိုက်တဲ့ အတွက်ကြောင့် ကာတာနိုင်ငံအပါအဝင် အာရပ်နှင့် မွတ်စလင် ၁၂ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများက သူတို့ရဲ့ အရပ်ဘက်သုံး စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံများကို တိုက်ခိုက်မှု ရပ်တန့်ရန် ဒီကနေ့ပဲ အီရန်ကို တောင်းဆိုလိုက်ပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်ကသာ ကာတာနိုင်ငံကို အား “အစဉ်းစားအဆင်ခြင်မရှိ တိုက်ခိုက်တာမလုပ်ဘူးဆိုရင်” အီရန်ရဲ့ဆောက်ပါးစ် ဓာတ်ငွေ့တွင်းကို အစ္စရေးက တိုက်ခိုက်မှာ မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ဆိုင်းငံ့ထားရန် ပြင်သစ်က တောင်းဆိုခဲ့ပါတယ်။ 

အီရန်ထောက်လှမ်းရေးဝန်ကြီး၊ ထိပ်တန်းလုံခြုံရေးအရာရှိ နဲ့ ဘာစီဂျေအရံတပ်ဖွဲ့၏တပ်မှူး ဗိုလ်မှူးချုပ် တို့ ကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်သတ်ဖြတ်ခဲ့တာကို လက်တုံ့ပြန်တဲ့အနေဖြင့် အီရန်က အစ္စရေးကို တိုက်ခိုက်မှုများ ပြင်းထန်စွာ ပြုလုပ်ခဲ့ပြီး တဲလ်အဗစ်မြို့နဲ့ ဘန်ဂူရီယွန် လေဆိပ်တို့ကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ 

တစ်ချိန်တည်းမှာပဲ ကမ္ဘာ့ရေနံဈေးသည် တစ်စည်လျှင် ဒေါ်လာ ၁၁၀ အထက်တွင် အရောင်းအဝယ်ဖြစ်နေပြီး အီရန်စစ်ပွဲမစတင်မီကထက် ၄၀ ရာခိုင်နှုန်းကျော် မြင့်တက်လာကာ ပိုမိုနက်ရှိုင်းသော စွမ်းအင်အကျပ်အတည်းကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။  

အီရန်၏ ထိပ်တန်းခေါင်းဆောင်သစ် မိုဂျတာဘာ ခါမေနီ က အီရန် ထိပ်တန်းအရာရှိများကို တိုက်ခိုက်သတ်ဖြတ်မှု အတွက် လက်တုံ့ပြန်မယ်လို့ ကတိပြုခဲ့ပါတယ်။ 

ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့အနီးတွင် အီရန်ဒုံးကျည် ၈ စင်း ကို ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ပေမဲ့ လူလေးဦးဒဏ်ရာရခဲ့ကြောင်း ဆော်ဒီအာဏာပိုင်များက မနေ့က ထုတ်ပြန်ခဲ့ပါတယ်။  

ရားစ်လက်ဖ်ဖန်းရှိ ကမ္ဘာ့အကြီးဆုံး LNG ထုတ်လုပ်ရေး စက်ရုံကို တိုက်ခိုက်ခံရပြီးနောက် ကာတာက အီရန်သံတမန်များကို ကာတာနိုင်ငံကနေ နှင်ထုတ်ခဲ့ပါတယ်။ 


REF: RT 

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)