ရုရှားရေတပ်မှ ချစ်ကြည်ရေးအလည်အပတ်ခရီးရောက်ရှိနေသည့် စစ်ရေယာဉ်သုံးစီး ပြန်လည်ထွက်ခွာ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရုရှားရေတပ်မှ ချစ်ကြည်ရေးအလည်အပတ်ခရီးရောက်ရှိနေသည့် စစ်ရေယာဉ်သုံးစီး ပြန်လည်ထွက်ခွာ


နေပြည်တော်၊ မတ် ၁၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးလာရောက်လည်ပတ်သည့် ရုရှားရေတပ်မှ စစ်ရေယာဉ် ၃ စီးတို့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားမှ ပြန်လည်ထွက်ခွာရာ တပ်မတော် (ရေ) မှအရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါစစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်ဖြစ်သူ Captain 1st Rank Andrei Gaevoi ဦးစီး၍ အရာရှိ၊ စစ်သည်စုစုပေါင်း ၃၅၀ ဦးတို့လိုက်ပါလာပြီး မြန်မာနိုင်ငံတွင် မတ်လ ၅ ရက်နေ့မှ ယနေ့အထိ ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာလည်ပတ်ခြင်း၊ တပ်မတော် (ရေ) မှအရာရှိ၊ စစ်သည်များနှင့် ရုရှားရေတပ်မှအရာရှိ၊ စစ်သည်များအကြား ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲနှင့် ဘတ်စကက်ဘောပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခြင်း၊ စစ်ရေယာဉ်များပေါ်သို့ အပြန်အလှန် လေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။


#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)