
မြစ်သား ၊ မတ် ၅
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချနေသည့် စက်သုံးဆီအရောင်းဆိုင်များ စက်သုံးဆီပြတ်လပ်မှုမဖြစ်စေရေး၊ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေးနှင့် မီးဘေး အန္တရာယ်ကင်းဝေးစေရေးအတွက် မတ် ၅ ရက် နံနက် ၁၁ နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်(၁) မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုးအောင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မင်းကျော်၊ မြစ်သားမြို့မရဲစခန်းမှ စခန်းမှူး လင်းလင်းထွန်း၊ မြို့နယ်စီမံကိန်းဦးစီးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီလာအေးနှင့် အဖွဲ့ဝင်များက တော်ဝင်နန်း၊ ကျော်၊ ဆင်ဖြူတော်၊ ရွှေသမင်၊ ကျော်ကြားစသည့် စက်သုံးဆီအရောင်းဆိုင်များအား သွားရောက်ပြီး ဒေသခံ ပြည်သူများ စက်သုံးဆီအဆင်ပြေစွာဝယ်ယူနိုင်ရေးအတွက် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေးဆောင်ရွက်ရန်၊ စက်သုံးဆီများ သတ်မှတ်ဈေးနှုန်းထက် မြှင့်တင်ရောင်းချခြင်းမပြုဘဲ အခြင်အတွယ်မှန်ကန်စွာရောင်းချနိုင်ရေးနှင့် မီးဘေးလုံခြုံရေး အထူးသတိပြုလိုက်နာဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ရဲနိုင်ဦး(မြစ်သား)
https://t.me/MyanmarNationalPost
No comments:
Post a Comment