ဟိုပင်၊ မတ် ၅
ကချင်ပြည်နယ် မိုးညှင်းမြိုနယ်၊ ဟိုပင်မြို၊ မြိုမတောင်ရပ်ကွက်၊ မြသာယာရပ်၊ နယ်မြေ(၅)၊ အမှတ်(၅/၆၄)နေ အိမ်တွင် ယနေ့ နံနက်ပိုင်းက အမျိုးသား(၁)ဦး သေဆုံးနေကြောင်း သတင်းအရ တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ရာ ကလေးငယ် ၃ဦးအပါအဝင် (၆)လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့သည်ကို စိစစ်တွေ့ရှိခဲ့ကြသည်။
ဖြစ်စဉ်တွင် ကျော်မြတ်ဦး၊ ၄၁ နှစ်၊ (ဘ) ဦးအောင်မြတ်၊ ယာဉ်မောင်း၊ ဗမာ/ဗုဒ္ဓအား ဓါးဒဏ်ရာများ ဖြင့်(သေဆုံး) သေဆုံးနေကြောင်း၊ နေအိမ်ရှေ့ အိပ်ခန်းအတွင်းတွင် မမီးမီး၊ ၄၂ နှစ်၊ (ဘ)အချက်အလက်(စုံစမ်းဆဲ)၊ အိမ်အကူနှင့် မောင်ဘုန်းခန့်ကျော်၊ ၁၁ နှစ်၊ (ဘ) ဦးကျော်မြတ်ဦး၊ ကျောင်းသားတိုအား ဓါးဒဏ်ရာများဖြင့်(သေဆုံး)လျက် အိမ်ရှေ့ခန်းတွင် တွေ့ရှိရသည်။
နေအိမ်နောက်အိပ်ခန်းတွင် ဦးကျော်မြတ်ဦး၏ ဇနီး မအိဖြူ၊ ၃၇ နှစ်၊ (ဘ)ဦးစံတင်၊ ဈေးရောင်း၊ ဗမာ/ဗုဒ္ဓ၊ မယုဝတီကျော်၊ ၉ နှစ်၊ (ဘ) ဦးကျော်မြတ်ဦး၊ မယွန်းဝတီကျော်၊ ၅ နှစ်၊ (ဘ)ဦးကျော်မြတ်ဦးတို့အား ဓါးဒဏ်များဖြင့် သေဆုံးလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#News #MNP


No comments:
Post a Comment