တကောင်း၊ မတ် ၅
တပ်မတော်စစ်ကြောင်းများအနေဖြင့် အကြမ်းဖက်သမားများ အခိုင်အမာ အခြေပြုနေထိုင်လျက်ရှိသည့် တွင်းငယ်နှင့် တကောင်းကြားကို စစ်ကြောင်းထိုး ရှင်းလင်း ဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိရာ ဆယ်ဇင်းကုန်းရွာအနီးရှိ အကြမ်းဖက်စခန်းအားလည်းကောင်း၊ ဝါးရုံကုန်းကျေးရွာအနီးရှိ အကြမ်းဖက်စခန်းအားလည်းကောင်း အောင်းမြင်စွာ ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့ အခြေပြုရာနေရာများတွင် ဘန်ကာများ အခိုင်အမာ ဆောက်လုပ်ထားပြီး ဆက်သွယ်ရေးမြောင်းများကိုလည်း ယန္တရားများဖြင့် စနစ်တကျ ပြုလုပ်ထားသည်ကို တွေ့ရသည်။
တပ်မတော်စစ်ကြောင်းက ထိုးစစ်ဆင် ရှင်းလင်းဆောင်ရွက်စဉ်အတွင်း အကြမ်းဖက်သမား အလောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်။
အကြမ်းဖက်သမား အခြေပြုရာကျေးရွာများတွင် ဒေသခံပြည်သူများ နေထိုင်နိုင်ခြင်းမရှိတော့ဘဲ တိမ်းရှောင်ထွက်ပြေးနေကြရသည်။
#News #MNP










No comments:
Post a Comment