အီရန်ကို တိုက်ဖို့ အမေရိကန်အတွက် အိန္ဒိယဆိပ်ကမ်းတွေကို မပေးထားပါဘူးလို့ ငြင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

အီရန်ကို တိုက်ဖို့ အမေရိကန်အတွက် အိန္ဒိယဆိပ်ကမ်းတွေကို မပေးထားပါဘူးလို့ ငြင်း


မတ် - ၅ ( ကြာသပတေးနေ့ ) 

အီရန်- အမေရိကန် စစ်ပွဲအတွင်း အမေရိကန်ရေတပ်သင်္ဘောများကို အိန္ဒိယဆိပ်ကမ်းများ အသုံးပြုနေတယ်ဆိုတဲ့ စွပ်စွဲချက်ကို အိန္ဒိယဘက်က ငြင်းဆိုထားပါတယ်။ 

ယခုသီတင်းပတ်အစောပိုင်းတွင် အမေရိကန်စစ်တပ်မှ ဗိုလ်မှူးကြီးဟောင်း ဒေါက်ဂလက် မက်ဂရီဂေါ် က "ကျနော်တို့ရဲ့ အခြေစိုက်စခန်း အားလုံးနည်းပါး ပျက်စီးသွားပါပြီ။ ပြီးတော့ အခြေစိုက်စခန်းတွေမှာ တပ်ဆင်ထားတဲ့ ကိရိယာတွေက အသုံးပြုလို့ရတဲ့အပိုင်းတွေက နည်းသွားပါတယ်။ ဒါကြောင့် ကျနော်တို့က အိန္ဒိယဆိပ်ကမ်းတွေဆီကို ပြန်ဆုတ်ရမဲ့ အနေအထားဖြစ်ခဲ့ပါတယ်။ ဒါကို ရေတပ်ကပြောတာပါ”လို့ One America News Network (OAN)သတင်းဌာနသို့ ပြောခဲ့ပါတယ်။ သီရိလင်္ကာကမ်းလွန်မှာ အမေရိကန်က အီရန်စစ်သင်္ဘော မနစ်မြုပ်ခင် ရက်အနည်းငယ်အလိုမှာပြောခဲ့တဲ့ သူ့ရဲ့မှတ်ချက်တွေကို အိန္ဒိယဘက်က ပြတ်ပြတ်သားသား ပယ်ချခဲ့ပါတယ်။

"အိန္ဒိယဆိပ်ကမ်းတွေကို အမေရိကန်ရေတပ်က အသုံးပြုနေတယ်ဆိုတဲ့ အမေရိကန် သတင်းဌာန OAN မှာဖော်ပြတဲ့ သတင်းတွေက  အတုအယောင်တွေဖြစ်ပါတယ်။ ဒီလို အခြေအမြစ်မရှိတဲ့ လုပ်ကြံဖန်တီးထားတဲ့ မှတ်ချက်တွေကို ရှောင်ရှားဖို့ ခင်ဗျားတို့ သတင်းဌာနကို ကျနော်တို့ သတိပေးပါတယ်” လို့ အိန္ဒိယ နိုင်ငံခြားရေး ဌာနရဲ့ အချက်အလက် စစ်ဆေးရေးဌာနက ဗုဒ္ဓဟူးနေ့ညတွင် အိတ်စ်လူမှုကွန်ယက် အကောင့်မှာ ရေးတင်ခဲ့ပါတယ်။ 

အမေရိကန် ရေငုပ်သင်္ဘောတစ်စီးသည် သီရိလင်္ကာကမ်းလွန်ရှိ အိန္ဒိယသမုဒ္ဒရာအတွင်း IRIS Dena ကို တော်ပီဒိုဖြင့် နစ်မြုပ်ခဲ့ပြီး သင်္ဘောသား ၈၇ ဦး သေဆုံးခဲ့ပါတယ်။ အီရန်စစ်သင်္ဘောက အိန္ဒိယနိုင်ငံက လက်ခံကျင်းပခဲ့တဲ့ နိုင်ငံတကာရေကြောင်း သုံးသပ်မှု နဲ့ မီလန် - ၂၀၂၆ စစ်ရေးလေ့ကျင့်မှု ပြီးလို့ အိန္ဒိယဆိပ်ကမ်း ဗိဆာကာပတ်နမ် ဆိပ်ကမ်းက ပြန်လည်ထွက်ခွာခဲ့တာပါ။ 

အိန္ဒိယနဲ့ အမေရိကန်က ၂၀၁၆ခုနှစ်ကတည်းက ရေတပ်တွေကို ထောက်ပံ့ပို့ဆောင်မှု ဖလှယ်ရေးဆိုင်ရာ သဘောတူညီချက် (LEMOA) ကိုလက်မှတ်ထိုးထားပါတယ်။ အဲ့သဘောတူညီချက်အရ ရေတပ်တွေကို လောင်စာဆီနဲ့ လက်နက်ကိုင်အင်အားတွေ ပြန်လည်ဖြည့်တင်းရေးဆိုတဲ့ အချက်ပါပါတယ်။ 

"အီရန်ဒုံးကျည်တွေက အမေရိကန်ရေတပ်ကို အိန္ဒိယရေပိုင်နက်အနီးသို့ တွန်းပို့လိုက်သလိုဖြစ်နေပါတယ်။ ဒါက အမေရိကန် နဲ့ အိန္ဒိယတို့ရဲ့ LEMOA (ထောက်ပံ့ပို့ဆောင်ရေးသဘောတူညီချက်) ကို လက်မှတ်ရေးထိုးခဲ့တဲ့ မြင်ကွင်းတွေထဲက တစ်ခုပါပဲ။ အကျိုးဆက်တွေကတော့ အမေရိကန်က မရည်ရွယ်ဘဲ  အိန္ဒိယကို စစ်ပွဲထဲကို ဆွဲထည့်လိုက်သလိုဖြစ်သွားပါတယ်” လို့ ပထဝီနိုင်ငံရေးကျွမ်းကျင်သူ ဇိုရာဝါဒူလက်ဆင်းဂ် က သူ့ရဲ့ အိတ်စ်မီဒီယာ အကောင့်မှာ ရေးတင်ခဲ့ပါတယ်။ 


REF: RT

#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)