ဆိုမာလီစစ်တပ်က နာမည်ကြီး အစ္စလာမ္မစ် စစ်သွေးကြွခေါင်းဆောင်တစ်ယောက်ကို အသေဖမ်းဆီခဲ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆိုမာလီစစ်တပ်က နာမည်ကြီး အစ္စလာမ္မစ် စစ်သွေးကြွခေါင်းဆောင်တစ်ယောက်ကို အသေဖမ်းဆီခဲ့



မတ် - ၅ ( ကြာသပတေးနေ့ ) 

ဆိုမာလီတပ်ဖွဲ့များက ရှာဘယ်လ်အောက်ပိုင်းဒေသမှာ အကြမ်းဖက်မှုနှိမ်နင်းရေး စစ်ဆင်ရေး တစ်ခုလုပ်ရာမှာ ဒေသတွင်း နာမည်ကြီး အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ အယ်လ်ရှာဘာအက်ရဲ့ အကြီးတန်းခေါင်းဆောင်တစ်ဦးကို အသေဖမ်းမိခဲ့ကြောင်း အာဏာပိုင်များက တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့ပါတယ်။ 

အမျိုးသားထောက်လှမ်းရေးနှင့် လုံခြုံရေးအေဂျင်စီ (NISA) မှ နိုင်ငံတကာလုပ်ဖော်ကိုင်ဖက်များရဲ့ ပံ့ပိုးကူညီမှုဖြင့် အော်ဒီဂဲလ်ခရိုင် ဟန်တီဝါဒက် ဧရိယာတွင် တနင်္ဂနွေနေ့က စီးနင်းမှု ပြုလုပ်ခဲ့ကြောင်း အစိုးရထုတ်ပြန်ချက်တစ်ခုအရ သိရပါတယ်။ 

အသေဖမ်းဆီးမိရခဲ့တဲ့ အဲ့ဒိနာမည်ကြီး စစ်သွေးကြွခေါင်းဆောင်က အရပ်သားအမြောက်အများ သေဆုံးခဲ့ရတဲ့ အမှုတွေမှာ အဓိကနေရာကနေ ပါဝင်ခဲ့တဲ့သူ ဖြစ်တယ်လို့ အာဏာပိုင်တွေ က ဆိုပါတယ်။ 

၂၀၂၅ခုနှစ် အောက်တိုဘာ ၄ ရက်နေ့တုန်းက မြို့တော် မိုဂါဒစ်ရှူးရှိ ဂေါ့ကာဂျီလာကောင်း အကျဉ်းထောင်ဖောက်ထွင်းမှု၊ သမ္မတနန်းတော်အနီးရှိ လုံခြုံရေးတွေကိုတိုက်ခိုက်မှု တို့လို အကြမ်းဖက်မှုတွေမှာ ပါဝင်ခဲ့ပြီး ဆိုမာလီစစ်တပ်မှ အရာရှိလေးဦးထက်မနည်း သေဆုံးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၉ ရက်က ဂျာအယ်စီယက် စစ်တက္ကသိုလ်တွင် အသေခံဗုံးခွဲမှု၌လည်း ပါဝင်ခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ 

သူက လူနေထူထပ်သော ရပ်ကွက်များတွင် မကြာခဏ ပုန်းနေခဲ့တာမို့လို့ အပြစ်မဲ့ အရပ်သားများနှင့် လုံခြုံရေးဝန်ထမ်းများရဲ့ သေကျေပျက်စီးမှုနဲ့  သွေးထွက်သံယိုမှုကို တုံ့ပြန်သည့်အနေနဲ့ လက်ရှိလုပ်ခဲ့တဲ့ စစ်ဆင်ရေးကို လုံခြုံရေးဝန်ဆောင်မှုများစွာက ရက်ပေါင်း ၁၅၀ ကျော်ကြာ ခြေရာခံခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားပါတယ်။ 


Ref - RT

#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)