မတ်- ၄ ( ဗုဒ္ဓဟူးနေ့ )
အီရန်နိုင်ငံခေါင်းဆောင် အယာတိုလာ အလီခါမေနီကို လုပ်ကြံသတ်ဖြတ်ရန်အတွက် အီရန်နိုင်ငံမြို့တော် တီဟီရန်မှာရှိတဲ့ ကားလမ်းတွေပေါ်က စီစီတီဗီ ကင်မရာ အားလုံးနီးပါးကို အစ္စရေးထောက်လှမ်းရေးက ဖောက်ထွင်းဝင်ရောက်ခဲ့ကြောင်း Financial Times သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အမေရိကန်နှင့် အစ္စရေးတို့ရဲ့ စနေနေ့က အီရန်ကို တိုက်ခိုက်ခဲ့ရာ ခါမေနီနှင့် အခြားအကြီးတန်းအရာရှိများ သေဆုံးခဲ့ရပါတယ်။ အီရန်မြို့တော်ရှိ ကင်မရာများရဲ့ အချက်အလက်ပြန်ပို့ခြင်း သင်္ကေတများကို အစ္စရေးသို့ ပေးပို့ခြင်းများဖြင့် နှစ်ပေါင်းများစွာကတည်းက ဖောက်ထွင်းသူ ဟက်ကာများက လုပ်ထားခဲ့ပါတယ်။
ခါမေနီရဲ့ ခြံဝင်းတည်ရှိရာ လမ်းပေါ်တွင် တပ်ဆင်ထားသော ကင်မရာတစ်လုံးက လုံခြုံရေးဝန်ထမ်းများရဲ့ ယာဉ်များနဲ့ လုပ်ရိုးလုပ်စဉ်များကို ခြေရာခံနိုင်စေတဲ့ မြင်ကွင်းထောင့်တစ်ခုကို ပေးထားပါတယ်။ အရာရှိများနှင့် ၎င်းတို့၏ အစောင့်များရဲ့ လှုတ်ရှားမှုတွေကို သူလျှိုလုပ်ဖို့အတွက် အချက်အလက်တွေ ထည့်ထားပါတယ်။
စနေနေ့တိုက်ခိုက်မှုမစတင်ခင်မှာ အစ္စရေးက အီရန်ခေါင်းဆောင်တွေကို ဖြစ်နိုင်ချေရှိတဲ့ သတိပေးချက်များ ပေးပို့မှု အားလုံးကို ပိတ်ဆို့ရန်အတွက် ခြံဝန်းအနီးရှိ မိုဘိုင်းလ်ဖုန်းတာဝါတိုင်များကိုလည်း ဖောက်ထွင်းထားပြီး တာဆီးခဲ့ပါတယ်။
ခါမေနီ နဲ့ အီရန်အကြီးတန်းအရာရှိများက စနေနေ့နံနက်တွင် တီဟီရန်ရှိ ခါမေနီရဲ့ ခြံဝင်းတွင် တွေ့ဆုံမည် ဖြစ်ကြောင်း အမေရိကန်နှင့် အစ္စရေးထောက်လှမ်းရေးက အတည်ပြုပြီးနောက် အီရန်ကို တိုက်ခိုက်လိုက်တာပဲ ဖြစ်ပါတယ်။ အဲ့လိုကိစ္စကို အတည်ပြုချက်ပေးဖို့လည်း လူတစ်စုကို အမေရိကန်က မွေးထားတယ်လို့လည်း သိရပါတယ်။
အမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်ချိန်မှာ ခါမေနီနဲ့ အကြီးတန်းလက်ထောက်များက နံနက်စာစားခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တနင်္လာနေ့တွင် Fox News သတင်းဌာကကို သို့ ပြောကြားခဲ့ပါတယ်။ “သူတို့က နေ့ခင်းကြောင်တောင် ဖြစ်နေလို့ ဘေးကင်းတယ်လို့ ထင်နေကြတယ်လေ” လို့ ထရမ့်ကပြောပါတယ်။
အီရန်ဘက်ကတော့ ခါမေနီလုပ်ကြံခံလိုက်ရလို့ အီရန်တပ်ဖွဲ့တွေမှာ အနှောက်အယှက် ဘာမှမဖြစ်ဘဲ အရှေ့အလယ်ပိုင်းရှိ အစ္စရေးနှင့် အမေရိကန်အခြေစိုက်စခန်းများကို ပစ်မှတ်ထားကာ ဒုံးကျည်များနှင့် ဒရုန်းများဖြင့် လက်တုံ့ပြန်ခဲ့တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
REF: RT
#News #MNP


No comments:
Post a Comment