(၃၁) ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ တတိယနေ့နှင့် ပိတ်ပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

(၃၁) ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ တတိယနေ့နှင့် ပိတ်ပွဲအခမ်းအနား ကျင်းပ


နေပြည်တော်၊ မတ် ၇

(၃၁) ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ တတိယနေ့ကို ယမန်နေ့က အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ (ခုတင်-၇၀၀) တပ်နယ်အားကစားခန်းမနှင့် ဓာတ်ရောင်ခြည်နှင့် ကင်ဆာကုသဆောင်၌ ဆက်လက်ကျင်းပရာ တပ်မတော်ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်၊ တပ်မတော်အရာရှိကြီးများ၊ ပါရဂူများ၊ ဆေးမှူးများ၊ အလုပ်သင်ဆရာဝန်များ၊ သူနာပြု/ ကျွမ်းကျင်သူ (အရာရှိ) များ၊ သူနာပြု/ ကျွမ်းကျင်သူများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးပညာရှင်များ၊ နိုင်ငံတကာ တပ်မတော်နှင့် အရပ်ဘက်မှ ဆေးပညာရှင်များ၊ အငြိမ်းစား အရာရှိကြီးများ၊ ဖိတ်ကြားထားသူများနှင့် စိတ်ပါ ဝင်စားသူများ တက်ရောက်ကြသည်။

ယနေ့တွင် Major Symposium အဖြစ် “မျက်မှောက်ကာလတွင် တွေ့ကြုံရမည့် စစ်ဘက် ဆေးပညာဆိုင်ရာ ပြန်လည်သန်စွမ်းရေးနှင့် မဟာဗျူဟာမြောက် အသင့်ပြင်ဆင်ထားရှိမှု” ခေါင်းစဉ်နှင့် Special Talk သုံးခု၊ Clinicopathological Conference (CPC) တို့ကို ဆွေးနွေးကြသည်။

ထို့နောက် တပ်မတော်ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက အကောင်းဆုံးသုတေသန စာတမ်းနှင့် ပိုစတာများအတွက် ပထမ၊ ဒုတိယ၊ တတိယရရှိသူများ၊ Young Researcher Award ရရှိခဲ့ သည့် သုတေသနစာတမ်း/ ပိုစတာဆုရှင်များအား ဆုများပေးအပ်ပြီး နှီးနှောဖလှယ်ပွဲကျင်းပရေး ဆပ်ကော်မတီများနှင့် သုတေသနစာတမ်း/ ပိုစတာ တင်သွင်းဖတ်ကြားခဲ့သူများအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ကြသည်။

ယင်းနောက် တပ်မတော်ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးက နှီးနှောဖလှယ်ပွဲပိတ်ပွဲ အမှာစကားပြောကြားပြီး (၃၁) ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)