မတ် - ၁၇ ( အင်္ဂါနေ့ )
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ မူးယစ်ဆေးဝါး ပြန်လည်ထူထောင်ရေး အဆောက်အအုံကို ပါကစ္စတန်က လေကြောင်း တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့လို့ အနည်းဆုံး လူ ၄၀၀ သေဆုံးခဲ့တယ်လို့ တာလီဘန်အရာရှိများက ပြောကြားခဲ့ပါတယ်။
တာလီဘန်အစိုးရက ပါကစ္စတန်မြေပေါ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများကို ပံ့ပိုးကူညီနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပါကစ္စတန်က ဖေဖော်ဝါရီလကတည်းကနေ အာဖဂန်နစ္စတန်ရှိ အကြမ်းဖက်စခန်းများလို့ ယူဆရတဲ့နေရာတွေကို လေကြာင်းတိုက်ခိုက်မှုတွေ လုပ်ပြီး ဖြိုခွင်းခဲ့ပါတယ်။ တာလီဘန်တို့ဘက်ကတော့ ပါကစ္စတန်မှာဖြစ်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုထားပါတယ်။
တာလီဘန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဟမ်ဒူလာဖိုင်ထရက် က တနင်္လာနေ့ညနေပိုင်းက တိုက်ခိုက်မှုဟာ အိုမစ် မူးယစ်ဆေးစွဲမှုကုသရေးဆေးရုံရဲ့ အစိတ်အပိုင်း အများအပြားကို ဖျက်ဆီးပစ်ခဲ့တယ်လို့ ပြောပါတယ်။ "ကံမကောင်းစွာဘဲ ယခုအချိန်အထိသေဆုံးသူအရေအတွက်သည် ၄၀၀ သို့ ရောက်ရှိခဲ့ပြီး အခြား ၂၅၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့ကြောင်း" ဖိုင်ထရက် က ၎င်းရဲ့ အိတ်စ်မီဒီယာ အကောင့်မှာ ရေးတင်ခဲ့ပါတယ်။ အာဖဂန်မီဒီယာက မီးလောင်မှုဖြစ်ပွားတဲ့ အဆောက်အအုံကို ပြသတဲ့ ဗီဒီယိုကို ထုတ်ပြန်ခဲ့ပါတယ်။
ကဘူးလ်နှင့် အာဖဂန်နစ္စတန်နိုင်ငံ အရှေ့မြောက်ပိုင်း နန်ဂါဟာဒေသရှိ ခဲယမ်းမီးကျောက် သိုလှောင်ရုံများ အပါအဝင် စစ်ဘက်ဆိုင်ရာ နေရာများနှင့် အကြမ်းဖက် ထောက်ပံ့ရေး အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားကြောင်း ပါကစ္စတန်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ “မူးယစ်ဆေးဝါး ပြန်လည်ထူထောင်ရေး အဆောက်အအုံတစ်ခုအနေနဲ့ ဒီအချက်အလက်တွေကို လွဲမှားစွာ သတင်းပို့တာဟာ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်ဝါဒအတွက် တရားမ၀င် ပံ့ပိုးကူညီမှုတွေကို ဖုံးကွယ်ထားချိန်မှာ အများပြည်သူရဲ့ ခံစားချက်ကို လှုံ့ဆော်ပေးဖို့ ကြိုးစားနေပါတယ်”လို့ ဆိုပါတယ်။
ဖေဖော်ဝါရီက ပါကစ္စတန်နိုင်င့ အစ္စလာမာဘတ်မြို့ရှိ ဗလီတစ်လုံးကို ဗုံးခွဲတိုက်ခိုက်မှုအပါအဝင် လူပေါင်း ၃၀ ကျော် သေဆုံးခဲ့သည့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်စီးနင်းမှုများနှင့် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်သည့် လက်နက်ကိုင်အဖွဲ့များကို အာဖဂန်နစ္စတန်တွင် ခိုလှုံခွင့်ပေးထားကြောင်း ပါကစ္စတန်က ကာလရှည်ကြာ စွပ်စွဲထားပါတယ်။
REF: RT
#News #MNP

No comments:
Post a Comment