မတ် - ၁၇ ( အင်္ဂါနေ့ )
လက်ရှိ အမေရိကန် - အီရန်စစ်ပွဲကြောင့် ပိတ်ဆို့နေတဲ့ ဟောမုဇ်ရေလက်ကြားကို အပြည့်အဝ ပြန်ဖွင့်ဖို့အတွက် အမေရိကန်ကို ကျန်တဲ့ ကမ္ဘာ့နိုင်ငံတွေ အကူအညီမပေးတာနဲ့ ပတ်သက်ပြီး သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်ပြစ်တင်လိုက်ပါတယ်။ အီရန်ကတော့ သူ့ရန်သူတွေဖြစ်တဲ့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ သင်္ဘောတွေကို ဟောမုဇ်ထဲမှာ ပိတ်ထားဆဲ ဖြစ်ပါတယ်။
“ဒီစစ်ပွဲက နေတိုးနဲ့ ဘာမှမဆိုင်ပါဘူး” လို့ ဂျာမန်အစိုးရပြောရေးဆိုခွင့်ရှိသူက ယနေ့နံနက်တွင် ပြောကြားခဲ့ပြီး ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာကတော့ တိကျသေချာတဲ့ အဖြေဘာမှမပြောဘဲ “အကျိုးရှိနိုင်ပြီး စုပေါင်းလုပ်ဆောင်နိုင်တဲ့ အစီအစဉ်” ကို တွေးဆနေပါတယ်လို့ ဆိုပါတယ်။
တစ်ချိန်တည်းမှာပဲ ကမ္ဘာ့ရေနံဈေးက တစ်စည်လျှင် ဒေါ်လာ ၁၀၀ အထက်တွင် အရောင်းအဝယ်ဖြစ်နေပြီး အီရန်စစ်ပွဲ မစတင်မီကထက် ၄၀ ရာခိုင်နှုန်းကျော် မြင့်တက်လာကာ ပိုမိုနက်ရှိုင်းသော စွမ်းအင်အကျပ်အတည်း ကို ဖြစ်ပေါ်လာနေစေပါတယ်။
အီရန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး က အီရန်အပေါ် အမေရိကန်ရဲ့ မြေပြင်ကျူးကျော်မှု လုပ်မယ်ဆိုရင်တော့ ကောင်းကောင်း ချေမှုန်းပစ်မယ်လို့ သတိပေးခဲ့ပါတယ်။ “ဗီယက်နမ်မှာ ဖြစ်ပျက်ခဲ့တာတွေကို ဖတ်ကြည့်လိုက်ပါ” လို့ ဝန်ကြီးက Sky News သတင်းဌာနနဲ့ တနင်္လာနေ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ အမေရိကန်တပ်များသည် အီရန်တွင် အလားတူကံကြမ္မာကို ရင်ဆိုင်ရမယ်လို့ ဆိုပါတယ်။ “သူတို့( အမေရိကန်စစ်သားတွေ)ကို ဒီစစ်ပွဲထဲ ဆွဲသွင်းတဲ့သူတွေအား သူတို့ကိုယ်တိုင် ပြန်ပြီးတော့ တိုက်ခိုက်ရလိမ့်မယ် ဆိုတာ သူတို့နားလည်သွားမှာပါ” လို့လည်း ဆိုပါတယ်။
REF: RT
#News #MNP

No comments:
Post a Comment