နိုင်ငံဝန်ထမ်းတွေကို အတိဒုက္ခရောက်အောင် လှုံ့ဆော်ခဲ့သူ ပြည်ပြေး ဝရမ်းပြေး ငပိတ် ကျော်သက်လင်း ရဲ့ လှုပ်ရှားမှုမှတ်တမ်း - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံဝန်ထမ်းတွေကို အတိဒုက္ခရောက်အောင် လှုံ့ဆော်ခဲ့သူ ပြည်ပြေး ဝရမ်းပြေး ငပိတ် ကျော်သက်လင်း ရဲ့ လှုပ်ရှားမှုမှတ်တမ်း


မြန်မာ့အသံ က အကျင့်ပျက်ဝန်ထမ်း ကျော်သက်လင်း က မိသားစုဓာတ်ပုံနဲ့အတူ အကြမ်းဖက်လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပုံကို ပြန်လည်ချပြရေးသားထားကို တွေ့ရပါတယ်။

ကျော်သက်လင်း ရဲ့ ရေးသား ပြဆိုချက်မှာ "ဖေဖော်ဝါရီလ ၁ရက်နေ့ အာဏာသိမ်းတဲ့နေ့ ကစပြီး ရုံးမတက်တော့ဘူး။ ဆန္ဒပြဖို့ တပ်ကုန်းမြို့ကို တက်ပြီးလေ့လာတယ်၊ စစ်တပ်အင်အားချတာများတယ်၊ သူလျှို ဒလန်ပေါတာသိလို့ ဘေးကညီတွေကို ငါဆန္ဒမပြတော့ဘူး။ သေချာပေါက် အဖမ်းခံရနိုင်တယ်ဆိုပြီး ရုံးတွင်းမှာ သံပုံးတီးရင်း CDMတွေ စုဖွဲ့တယ်၊ စာရင်းကောက်တယ်၊ အကူအညီပေးမယ့်သူတွေနဲ့ ချိတ်ဆက်ပြီး အကူအညီယူမယ့်သူတွေထံ တိုက်ရိုက်ကူစေတယ်။ ဘယ်သူ့ဆီကမှ တပြားတချပ်မယူခဲ့ဘူးဆိုတာ သေချာလို့ကြေညာပါတယ်" လို့ ရေးသားထားတာကို တွေ့ရပါတယ်။

ကျော်သက်လင်း ဟာ ဘာကြောင့် တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူရတယ်ဆိုတာတော့ အခုချိန်ထိအောင် မသိသေးတာက ဉာဏ်လိမ့်လွန်းရာကျတယ်လို့ ပြောရမလား။ ပိန်းတာလွန်ပြီး ပိတ်သွားတာလားလို့ မေးရမှာ ဖြစ်ပါတယ်။ NLD ပါတီ က မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ခဲ့ခြင်းကြောင့် တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူခဲ့ရတယ်။ ဒီအခြေအနေမှန်ကို ပြည်ပြေး ဝရမ်းပြေး အားလုံးဟာ အခုထိ လိမ်ညာဖုံးကွယ်ပြီး သူတို့တွေ အကြမ်းဖက်လှုပ်ရှားမှုမှာ ပါဝင်ပြီး အကြမ်းဖက်လှုံ့ဆော်သူများအဖြစ် လုပ်ခဲ့တာကို သူရဲကောင်းဆန်ဆန် စာဖွဲ့နေကြလို့ ဒါကို ထောက်ပြရေးသားခြင်းဖြစ်ပါတယ်။

ပြီးတော့ ကျော်သက်လင်း က "ထွက်ပြေးရတော့မယ့် ဖေဖော်ဝါရီလ(၁၁)ရက်ညမှာ Sky Net က တာဝန်ခံတစ်ဦးဆက်သွယ်တယ်၊ သိန်း(၃၀၀)လောက် သူတို့လူကြီးကထောက်ပံ့ချင်တယ်၊ လက်ခံပေးပါဆိုတာ လက်မခံခဲ့တော့၊ နောက်တဦးထပ်ဆက်သွယ်လာတယ်၊ သိန်း(၅၀)တော့ လက်ခံပေးပါဆိုတာလည်း ငြင်းခဲ့ရပါတယ်။ တဦးချင်း လိုက်ဆောင်ရွက်ရမှာမလွယ်ဘူး၊ ကျနော်အဲလိုကရိကထများတာတွေ စိတ်ရှုပ်လို့ပါဆိုပြီးပြော ခဲ့ရတယ်။ အန္တရာယ်ကများတာကိုး။ ဖေဖော်ဝါရီလ(၉)ရက်နေ့မှာ အင်ဂျင်နီယာချူပ်၊ ညွှန်မှူး၊ လ/ထညွှန်မှူးနဲ့ ဦးစီးအရာရှိတွေ အိမ်တိုင်ရာရောက်လာခေါ်လို့ မဖြစ်မနေရုံးပေါ် ရောက်ခဲ့ရတယ်။ ဒါတောင် FBပေါ်မှာ ဟိုကောင် တော့ ရုံးပေါ်မှာတွေ့တယ်။ CDMဆိုတာ ဘယ်လိုနည်းနဲ့မှ ရုံးမတက်ရဘူးကစပြီး ၄/၅ယောက်လောက်ဝိုင်း ဆဲကြတယ်။ အခုတော့ သူတို့က ပြန်ဝင်ပြီး အေးဆေး ပါပဲ။ ပြောချင်တာက CDMလုပ်ပြီး ပထမဆုံးအကြိမ် ဝေဖန်တိုက်ခိုက်ခံရတာ။ ကိုယ့်အကြောင်းပြချက် ကတော့ ငါကအရာရှိ၊ ငါကဒီရုံးရဲ့ CDMခေါင်းဆောင် ငါ့ဆီမှာ အားလုံးရဲ့စာရင်းတွေ၊ ဖုန်းနံပါတ်တွေနဲ့ သူတို့ဘဝတွေ၊ ဒီကောင်တွေဘာလုပ်မလည်း ဘာပြောမလည်းဆိုတာရယ် ကိုယ့်ရှေ့ဆက်ရမယ့်ခရီး အန္တရာယ်ကင်းစေဖို့ရည်ရွယ်ပြီး ရုံးပေါ်မှာ ညွှန်ချူပ်နဲ့သွားတွေ့ခဲ့တာဖြစ်ပါတယ်။ တကယ်ဖမ်းလို့ ပြေးပြီး လွတ်လို့ နောက်တနေ့မှာပဲ အဲဒီညွှန်ချူပ်ကိုယ်တိုင် ညီလေး ပြန်လာပါ ကိုယ်တာဝန်ယူပါတယ်။ Show of force လုပ်တာပါဆိုပြီး ဆက်သွယ်လာပါသေးတယ်။ ဒုတိယ ဗိုလ်ချူပ်ကြီးဆိုတဲ့သူတွေနဲ့ သူတို့နွယ်ရာတွေကနေ အရာရှိငယ်တွေကအစ အကြိမ်၂ ဆက်သွယ်ပြန်ခေါ်ကြတာတွေရှိခဲ့သလို ဖုန်းခေါ်ရင် ဖုန်းပိတ် ဘလော့ခဲ့ပြီး ပြန်မလာဘူး သေချာတယ် ငါ့ဆုံးဖြတ်ချက်ခိုင်မာတယ်ဆိုတာကိုပဲ ပြောခဲ့ပါတယ်။" လို့ ဆိုတယ်။

ဒီအချင်းအရာကို ကြည့်ခြင်းအားဖြင့် အခြေအနေမှန်ကို မသိ၊ နိုင်ငံရေးမှိုင်းမိပြီး ထင်ရာစိုင်းချင်တဲ့ ကျော်သက်လင်း ကို လမ်းမှားမရောက်အောင် တာဝန်ရှိသူတွေက အတန်တန် တားခဲ့တယ်။ ကယ်ခဲ့တယ်။ သို့သော် ငမိုက်သား ကျော်သက်လင်း ကတော့ ပြည်ပြေး ဝရမ်းပြေးတွေနဲ့ ပူးပေါင်းပြီး တိုင်းဖျက် ပြည်ဖျက် လုပ်ဖို့ပဲ ဆန္ဒရှိနေခဲ့တာကို အထင်အရှား မြင်တွေ့နိုင်ပါတယ်။

သူ့ရဲ့ ရေးသားပြဆိုချက်မှာ "CDMလုပ်တာ စကြေညာတာနဲ့ ပထမဆုံးရှယ်တာက ခေတ်သစ်မီဒီယာကပါ။ နောက်တော့ ကျနော်သိတာ 7Days၊ On line ကနေ အမေးအဖြေလုပ်တာက DVB၊ မဇ္ဇျိမ၊ RFAနဲ့ BBC။ အားလုံးကို လက်နက်ကိုင် အစောင့်အပြည့်နဲ့ ရုံးရှေ့မှာ စစ်တပ်ရှိတဲ့ MRTVဝန်းထဲကနေ လှည့်ပတ်ဖြေနေတာပါ။ သူများအိမ်ပေါ်ကနေဖြေလိုက်၊ လိုင်းကောင်းတဲ့နေရာ ကားမောင်းပြီး ကားပေါ်ကနေဖြေလိုက်နဲ့ ရင်တထိတ်ထိတ်ပါပဲ။ တကယ်စပြီးလစ်ရတဲ့ညက ရုံးရဲ့အကြီးပိုင်းထဲက အရာရှိတဦးက ညီလေး အခုပဲ ဒုဝန်ကြီးမဲလုံးက မအလဆီဆက်ရင်း ညီလေးအကြောင်းကို ထူးခြားဖြစ်စဉ်တခုအနေနဲ့ သတင်းပို့တယ်။ အဲဒီတော့ ဟိုမအိမ်လုံးက ရပါတယ်ထားလိုက်ပါ ထပ်မဖြစ်ဖို့တော့ သတိပေးလိုက်ပါလို့ပြောတာမို့ ညီလေး ငြိမ်လိုက်ပါတော့လို့ ကျနော့်ဆီဖုန်းဆက်ပြောလာပါတယ်။ တကယ်အဲဒီလို ပြောမပြောတော့ ကျနော်မသိပေမယ့် ဪအဲဒါဆိုရင် ငါအခုထိဖြစ်တဲ့ကိစ္စက အဖမ်းမခံရတော့ဘူးလို့ လွယ်လွယ်တွေးပြီး စိတ်သက်သာရာရတဲ့(၁၅)မိနစ်လောက်မှာပဲ ကျနော် ထိုင်နေကြ ရုံးထဲကဆိုင်ရှေ့ထိ လာဖမ်းတော့တာပါပဲ စိတ်ထဲက ကြိုထင်လိုက်လို့ ထရှောင်လိုက်မိတာက ကံအကြီးကြီးကောင်းခဲ့တာလို့ပြောရမှာပါ။" လို့ ဆိုတယ်။

ဆိုတော့ ကျော်သက်လင်း ဟာ နိုင်ငံဝန်ထမ်းတွေ လမ်းမှားရောက်အောင် ဦးဆောင်လှုံ့ဆော်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ မင်းကိုနိုင် က ပြေးရင်းလွှားရင်း နိုင်ငံဝန်ထမ်းတွေ၊ လူငယ်လူရွယ်တွေကို လှုံ့ဆော်သလို ငပိန်း ကျော်သက်လင်း သည်လည်း အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ခြင်း မရှိ။ ထင်ရာမြင်ရာ လုပ်တော့မယ်ဆိုတဲ့ အတွေးတွေ လွှမ်းမိုးနေသူ ဖြစ်ပါတယ်။ ဝန်ထမ်းများကို အတိဒုက္ခရောက်အောင် လှုံ့ဆော်ခဲ့တဲ့ လုပ်ရပ်အတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ်တော့ ခံရသင့်ပါတယ်။

ကျော်သက်လင်း က "ညအမှောင်မှာ လယ်ကွင်းတွေ ဆူးတောထဲတွေ တောင်တွေပေါ်ကနေဖြတ်ပြေးခဲ့သမျှ ချော်လဲ  ဖုန်းတွေကွဲ ဒူးတွေပြဲနဲ့ တညလုံး အားတင်း အမြန်လမ်းပေါ်ရောက်တာတောင် ကားတွေက မတင်ရဲတော့တာမို့ ခဏပဲ စီးရပြီး ပျော်ဘွယ်အစပ်မှာတော့ နေပူပြီမို့ တညလုံးတနေ့လုံးပြေးလွှားပင်ပန်းခဲ့သမျှ ခန္ဓာကိုယ်က ချာဂျင်ကုန်ပါတော့တယ်။ အချိတ်အဆက်တွေရှာရင်း မိတ္ထီလာ၊ ပုဂံညောင်ဦး၊ ငါးသရောက်၊ နွားထိုးကြီး၊ မလိုင်(ပန်းအိုင်ဘုရား)၊ တောင်သာ၊ မြင်းခြံ၊ မြစ်ငယ်၊ ပုလိပ်၊ မန္တလေး၊ ကျောက်ဆည်ဘက်တွေ ရောက်ခဲ့ရပါတယ်။ နောက်ဆုံးတော့ အဆက်အသွယ်တွေမရတာမို့ ညောင်လေးပင်၊ ဘီးလင်း၊ မော်လမြိုင်၊ ရေး၊ ထားဝယ် (၂) ၅လုံး လောင်းလုံ(ဆန္ဒပြ)မြိတ်၊ တနင်္သာရီ ဒေသတွေအထိ ခြေဆန့်ရင်း နောက်ဆုံးတော့ လတကစလ ကိုစတားရဲ့ ချိတ်နဲ့ မြိတ်ခရိုင် တပ်ရင်း(၂)ရဲ့ယာယီ တပ်ရင်းမှူး တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။" လို့ ဆိုထားပါတယ်။

ငပိတ် ကျော်သက်လင်း အဲဒီလောက်ထိအောင် ခြေဆန့်နိုင်တာကို ကြည့်ခြင်းအားဖြင့် လုံခြုံရေးပိုင်းမှာ အားနည်းချက် တွေ ရှိခဲ့တာပေါ့။ သတင်းကြေညာသူ က အကြမ်းဖက်သမားဖြစ်သွားခဲ့တာကိုလည်း သတိပြုမိကြမယ်ထင်ပါတယ်။

သူ့ရဲ့ ရေးသားပြဆိုချက်အရ "၂၀၂၂မေလ ၁ရက်နေ့မှာ တပ်တာဝန်တွေအပ်လို့ မောတောင်ကိုဖြတ်ကာ မဲဆောက်ကို ခရီးနှင်ခဲ့ပါတယ်။ တကယ်တော့ ဒီနေ့အထိ ဘာသတင်းကြားကြား နေရတာ အခက်အခဲများစွာနဲ့မလုံမခြုံပါပဲ။ ဒီလိုနဲ့ CDMကနေ PDFတပ်ရင်းမှူးဘဝ၊ အဲဒီကနေ ထောက်ပို့ဘဝကို ရောက်မှန်းမသိရောက်ကာ တပ်တွေကို ပြန်ထောက်ပံ့ရင်း အရက်သေစာ၊ မိန်းမကိစ္စ ငွေကြေးအလွဲသုံးစားနဲ့ လောင်းကစား၊ မူးယစ်ဆေးဝါးကအစ လုံးဝရှောင်ကြဉ်ကာ ကျနော့်ကို ယုံကြည်တဲ့ အားကိုးတဲ့သူတွေအတွက် အကောင်းဆုံး စောင့်ထိန်းနေနိုင်ခဲ့တာ စတဲ့နေ့ကနေ ဒီနေ့အထိပါပဲ။ NUGဟာ ကျနော်တို့အစိုးရပါ။ NUG COCအောက်ကို ဝင်ပါ မဝင်ရင် ငါတို့ ထောက်ပို့မှုတွေ စိစစ်ရပါလိမ့်မယ်။ အဖွဲ့ငယ်တွေဟာ နိုင်ငံ့ရဲ့အရေးပေါ်အခြေအနေမှာ လိုအပ်ခဲ့တာမှန်ပေမယ့် အစိုးရအနေနဲ့ သေချာစွာ တည်ဆောက်လာနိုင် တဲ့အခါ သတင်းပို့ပါ ပူးပေါင်းပါ မဟုတ်ရင် သူပုန်မဟုတ် ဓားပြသာသာဖြစ်ကုန်ပါလိမ့်မယ်လို့ပြောခဲ့တာ ၂၀၂၄ကတည်းကပါ။" လို့ ဆိုတယ်။

အမှန်ပါပဲ။ ယခုအခါမှာ ငပိတ်ကျော်သက်လင်း တို့ ပြည်ပကို ကိုယ်လွတ်ရုန်းပြေးကြပြီး နီပိန်း ပဒက်လေးတွေအတွက် အလှူခံ ရရှိတဲ့ ငွေတွေကို အလွဲသုံးစား လုပ်နေကြတဲ့အချိန်မှာ ငပိတ် ကျော်သက်လင်း ပြောသလိုပဲ နီပိန်း ပဒက်တွေဟာ သူခိုးဓားမြ၊ ကြေးစားလူသတ်သမားတွေ ဖြစ်လာပြီး အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူတွေကို ရက်စက်စွာ သတ်ဖြတ်နေကြတယ်။ ပြန်ပေးစွဲ ငွေညှစ်တာတွေ လုပ်နေကြတယ်။

ငပိတ် ကျော်သက်လင်း က "အနားကသိတဲ့သူတွေ တပ်ရင်းတပ်ဖွဲ့တွေ ဖတ်မိပါ က ထောက်ခံကြမည်ထင်၏။ မထောက်ခံလည်း ယုံလိုက်ဗျ။ အခုကာလ သတင်းစာရှင်းလင်းပွဲကိုဝေဖန်ရင်း ဆရာကြီးကို စော်ကားမိတာကိုတော့ ဆရာကြီးနဲ့တကွ တော်လှန်ပြည်သူတွေကိုကျနော် အထူးတလည် အနူးအညွတ်တောင်းပန်ပါတယ်။ ဒါပေမယ့် အစကျန်ပြီးပြောရရင် သူတို့လုံးဝဥဿုံမှန်သည်ဖြစ်သည့်တိုင် ဆရာကြီးရော အစိုးရရဲ့ဖြေရှင်းပုံစနစ်တွေ အဆင်ပြေမနေတာကိုတော့ မပေါက်ကွဲ မဆဲမဆိုပဲနှင့်ဝေဖန်ခွင့်ရှိမယ်လို့ ကျနော်မြင်ပါတယ်။ ကျနော်တို့ဟာ My Country Right or Wrongလို့ ဆိုရိုးရှိသည့်တိုင် မိဘနဲ့သားသမီးကြား မောင်နှမတွေကြား အမြင်မတူ လိုအပ်ချက်ရှိက ပွင့်လင်းစွာထောက်ပြပြောဆိုနိုင်ရမှာဖြစ်ပါတယ်။ ဝေယံကိုထောက်ခံတာသည်လည်း ကျနော်တို့ ဒီကာလတလျှောက်မှာ ရဲဘော်တွေရဲ့လတ်တလော လိုအပ်ချက်ဖြစ်တဲ့ သိန်းထောင်ချီကို မြန်မြန်ဆန်ဆန် ရှာပေးနိုင်တဲ့အတွက် လူငယ်ခြေတက်တယောက်ကို ကြိုဆိုခဲ့တာဖြစ်ပါတယ်။ ကူရတဲ့အဖွဲ့တိုင်းနီးပါးဟာ NUG/MODလက်အောက်တပ်ရင်းများသာ အများစု ဖြစ်ကြပါတယ်။ ကိုယ့်လူတွေက ရင့်သီးစွာစွပ်စွဲခံရခြင်းကိုတော့ မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရပါသည်ပေါ့။ ကိုယ်ပိုင်တပ်ထောင်ဖို့ USAရောက်အမတ်တဦးက သိန်း၁၅၀နှင့် စည်းရုံးသလို ကာဝန်ဦးရည်မွန်ကို အတင်းအဖျင်းပြော သည့် အတွက် un friendလုပ် ခဲ့ရသည်အထိ ဖြစ်ခဲ့ဘူးပါတယ်။ နာမည်ရေးပြနိုင် သော်လည်း ရွံ၍မရေးလိုပါ။" လို့ ဆိုပါတယ်။

ငပိတ် ကျော်သက်လင်း ဟာ အရက်သား ရည်မွန်လို ကောင်မျိုးကို ဦးညွှတ်သူ ဆိုကတည်းက ဉာဏ်ရည်နိမ့်ပါးလွန်းသူ အဖြစ် သိမြင်စေပါတယ်။

သူရဲ့ ရေးသားဖော်ပြချက် "ကျနော်တို့ ယနေ့အထိ လုပ်နေရသောကမ်ပိန်းများ သည်လည်း MODရှိတပ်ရင်းများသာသီးသန့်ဖြစ်ပြီး LPDFကို တကြိမ်မျှပင်မကူညီဘူးပါ။ တဦးခြင်းအခက်အခဲတချို့ကိုသာ ကူဘူးပါသည်။ အစိုးရထောက်ပံ့မှု အလျင်မမီသည့်နေရာကို ကိုယ့်တာဝန်ကိုယ်ယူ ကျေအောင်ထမ်းရွက်နေခြင်းသာဖြစ်သည့်အတွက် ဘာဆယ်လီ ညာဆယ်လီ လို့ သိမ်ဖျင်းစွာ နာမည်တပ်စွပ်စွဲသည်များကို မည်သို့မျှ တုံ့ပြန်မည်မဟုတ်သလို မိမိကြောင့် တော်လှန်ရေး အာရုံစူးစိုက်မှုလျော့စေမည့် မည်သည့်ပွဲမျှမရှာသလို တော်လှန်သူအချင်းချင်း မည်သို့သောသိမ်ဖျင်းသည့်ပြောဆိုမှု လုပ်ရပ်မျိုးကိုမဆို လုပ်မည်မဟုတ်ကြောင်း တုံ့ပြန်စော်ကားဖို့ လုံးဝမရှိကြောင်း ရဲဘော်များနှင့်တော်လှန်ပြည်သူများအား ရိုသေစွာ အသိပေးအပ်ပါသည်။" လို့ ဆိုပါတယ်။

ငပိတ် ကျော်သက်လင်း ဟာ ထွက်ပြေးလွတ်မြောက်သွားတာကို သူရဲကောင်းဆန်ဆန် ရေးသားပြဆိုပြီး အကြမ်းဖက်လှုပ်ရှားမှုအပေါ်မှာ သစ္စာရှိသူတစ်ယောက်အဖြစ် ပုံဖော်ရေးသားထားပါတယ်။ အကြမ်းဖက်လှုပ်ရှားမှု အောင်မြင်မယ်လို့ ယုံကြည်ရင် ပြည်ပကို ထွက်ပြေးပါ့မလား စဉ်းစားကြပေါ့။ သူတို့ကိုယ်တိုင် သူတို့ရဲ့ လုပ်ရပ်တွေအပေါ် သူတို့ ထောက်ခံအားပေးပါတယ်ဆိုတဲ့ CRPH, NUG က နိုင်ငံရေးလုပ်စားသူတွေရဲ့ သရုပ်မှန်ကို သိမြင်လာတဲ့အချိန်မှာ အကြမ်းဖက်လှုပ်ရှားမှု အောင်မြင်ဖို့ ဆိုသည်ထက် တတိယနိုင်ငံမှာ မိသားစုနဲ့အတူ ခိုလှုံခွင့်ရရှိရေးကသား အဓိက ပန်းတိုင်းဖြစ်သွားပါတယ်။

အခုတော့ ငပိတ် ကျော်သက်လင်း လည်း CRPH, NUG အကြမ်းဖက်အဖွဲ့က ကောင်တွေ၊ ကောင်မတွေရဲ့ လမ်းစဉ်ကို လိုက်ပြီး မိသားစုနဲ့အတူ တတိယနိုင်ငံမှာ အေးချမ်းစွာ နေနိုင်တဲ့ အခြေအနေကို ရောက်ရှိသွားပါပြီ။ ပြည်တွင်း မှာ ကျန်ရှိနေသေးတဲ့ နီပိန်း ပဒက် အကြမ်းဖက်သမားလေးတွေကိုတော့ ဆက်လက်ပြီး သေပွဲဝင်ကြဖို့ လှုံ့ဆော်နေဆဲပေါ့။ ငပိတ် ကျော်သက်လင်း ရေ ကိုယ်ချင်းစားတရားလေး ထားကြည့်ပါလား။ မင်းမိသားစုနဲ့ အေးချမ်းပျော်ရွှင်စွာ နေနိုင်ပြီဖြစ်သလို နီပိန်း ပဒက်လေးတွေလည်း နေချင်ကြမှာပဲ။ အကြမ်းဖက်သမားများအဖြစ်နဲ့ ဘဝနိဂုံး အဆုံးမလှ မဖြစ်ရစေအောင် ပြည်ပြေး ဝရမ်းပြေးတွေရဲ့ သရုပ်မှန်ကို ချပြပြီး မင်းလိုပဲ မိသားစုနဲ့အတူ အေးချမ်းစွာ နေနိုင်ဖိုပ ဉာဏ်အလင်း ဖွင့်ပေးလိုက်ပါလားကွာ။


နောင်တော်လေး (ဘိုကလေး)

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)