ဘားအံမြို့၌ ရှေ့တန်းရောက်တပ်မတော်သားများနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများချီးမြှင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘားအံမြို့၌ ရှေ့တန်းရောက်တပ်မတော်သားများနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများချီးမြှင့်




ဘားအံ၊ မတ် ၂၄

နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့်စစ်ဆင်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်နေသော ရှေ့တန်း ရောက်တပ်မတော်သားများနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများပေးအပ်သည့်အခမ်းအနားကို မတ် ၂၃ ရက် နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် အသက်ကိုပဓာနမထားဘဲ တာဝန်ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဆောင်ရွက်ပေးနိုင်သည့်နည်းလမ်းများဖြင့် အားပေးကူညီခြင်းဖြစ်ပြီး သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်သို့ ပေးပို့လှူဒါန်းသွားမည်ဖြစ်ကာ ရှေ့တန်းစစ်မျက်နှာတွင် တာဝန်ထမ်းဆောင်နေကြသော တပ်မတော်သားများ အန္တရာယ်ကင်းဘေးရှင်း၍ တိုက်ပွဲတိုင်းအောင်မြင်နိုင်စေရန် ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စုစုပေါင်းငွေကျပ် ၉၃၁၅၀၀၀ဝ တန်ဖိုးရှိ စားသောက်ကုန်ပစ္စည်းများကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးထံချီးမြှင့်ပေးအပ်ပြီးလှူဒါန်းပေးကြသော ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းမိသားစုများနှင့်စေတနာရှင်အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများပြန်လည်ပေးအပ်သည်။

ယင်းနောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးက ကျေးဇူးတင်စကား ပြောကြားပြီး ယနေ့ ချီးမြှင့်ပေးအပ်ပွဲသည် (၁၄)ကြိမ်မြောက် ပေးအပ်လှူဒါန်းခြင်းဖြစ်ပြီး စုစုပေါင်းငွေကျပ် ၆၈၇၆ ဒသမ ၉၅ သိန်း တန်ဖိုးရှိ စားသောက်ကုန်များကို ချီးမြှင့်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)