မတ် - ၁၈ ( ဗုဒ္ဓဟူးနေ့ )
အိန္ဒိယနိုင်ငံ ဥတာပရာဒက်ရှ်ပြည်နယ် အစိုးရက ကြက်ဥထုတ်လုပ်သူများအနေနဲ့ သက်တမ်းကုန်ဆုံးရက်နဲ့ သတ်မှတ်ထားတဲ့ ရက်စွဲတွေကို ကြက်ဥတွေမှာ ရိုက်ရမယ်ဆိုတဲ့ အမိန့်ကို ထုတ်လိုက်ပါတယ်။ အဲ့ဒိအမိန့်က ဧပြီလ ၁ ရက်နေ့မှစပြီး အသက်ဝင်မယ်လို့လည်း ဆိုပါတယ်။ ရက်စွဲမပါတဲ့ ကြက်ဥတွေကို "လူတွေ စားသုံးရန် မသင့်လျော်" လို့ တံဆိပ်တပ်ခံရမှာဖြစ်ပြီး တွေ့တဲ့နေရာမှာ ဖျက်ဆီးပစ်မည် လို့ အမိန့်ထုတ်လိုက်ပါတယ်။
ပတ်၀န်းကျင်အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်တွင် သိမ်းဆည်းထားပါက လူစားသုံးရန် နှစ်ပတ်ကြာ သိမ်းဆည်းထားနိုင်ခြင်းကြောင့် ဥများရဲ့ ကျန်းမာရေးနှင့် သက်တမ်းကို ထိန်းကျောင်းရန် စည်းမျဉ်းကို ပြဋ္ဌာန်းလိုက်တာပဲ ဖြစ်ပါတယ်။ အပူချိန် ၂ မှ ၈ ဒီဂရီစင်တီဂရိတ်ကြားတွင် သိုလှောင်ထားသော ဥတွေက ငါးပတ်ကြာအောင် ခံပါတယ်။
ဥတာပရာဒက်ရှ်ပြည်နယ်တွင် ကြက်ဥများအတွက် အအေးခန်း နှစ်ခုသာရှိပြီး အပူချိန် မတူညီသောကြောင့် အသီးအရွက်များနှင့်အတူ အအေးခန်းထဲတွင် ဥများထား၍မရနိုင်ကြောင်း အစားအသောက် ဘေးကင်းရေးနှင့် ဆေးဝါးကွပ်ကဲရေးဌာနက ပြောပါတယ်။ “ဖြစ်ရပ်အတော်များများမှာ စည်းမျဉ်းတွေကို လိုက်နာခြင်းမရှိတာကို တွေ့ရတယ်။ စားသုံးသူတွေလည်း ဒါကို သတိမထားမိကြဘူး” လို့ တိရစ္ဆာန်မွေးမြူရေးနှင့် နို့ထွက်ပစ္စည်းဆိုင်ရာ အတွင်းရေးမှူးချုပ် က ပြောပါတယ်။
REF : Hindustan Times
#MNP #News

No comments:
Post a Comment