မြန်မာ့ခရီးသွားလုပ်ငန်းမိတ်ဆက်ပွဲ Road Show အစီအစဉ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တက်ဟုန်းပြည်နယ်ခွဲ၊ မန်စီမြို့၌ ကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာ့ခရီးသွားလုပ်ငန်းမိတ်ဆက်ပွဲ Road Show အစီအစဉ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တက်ဟုန်းပြည်နယ်ခွဲ၊ မန်စီမြို့၌ ကျင်းပပြုလုပ်










နေပြည်တော်၊ မတ် ၁၈

မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရေး တရုတ် ခရီးသွားဈေးကွက်မြှင့်တင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြန်မာ့ခရီးသွားလုပ်ငန်းမိတ်ဆက်ပွဲ Road Show အစီအစဉ်ကို တက်ဟုန်းပြည်နယ်ခွဲပြည်သူ့အစိုးရ၏ ဖိတ်ကြားချက်ဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တက်ဟုန်းပြည်နယ်ခွဲ၊ မန်စီမြို့၌ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာ့ခရီးသွားလုပ်ငန်းမိတ်ဆက်ပွဲအခမ်းအနားသို့ တက်ဟုန်းပြည်နယ်ခွဲပြည်သူ့ အစိုးရမှတာဝန်ရှိသူများ၊ ရွှေလီနှင့် တက်ဟုန်းပြည်နယ်ခွဲမှ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ခရီးသွားကုမ္ပဏီများ၊ မီဒီယာများနှင့် တက်ဟုန်းပြည်နယ်ခွဲနှင့် မန်စီရှိ လူမှုကွန်ရက်များတွင် ထင်ရှားသည့် Influencer များ စုစုပေါင်း (၁၀၀) ဦးခန့် ပါဝင်တက် ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တက်ဟုန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရ ဒုတိယအုပ်ချုပ်ရေးမှူးနှင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့က အမှာစကားများအသီးသီးပြောကြားခြင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်းကိုယ်စား လှယ်တစ်ဦးက မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းအခြေအနေနှင့် ထင်ရှားသည့်ခရီးစဉ်ဒေသများအကြောင်း မိတ်ဆက်ပြောကြားခြင်း၊ မြန်မာနိုင်ငံအကြောင်းရိုက်ကူးထားသည့် ခရီးသွားမြှင့်တင်ရေး ဗီဒီယိုများပြသခြင်း၊ မြန်မာ့ရိုးရာအကများဖြင့်ကပြဖျော်ဖြေခြင်း၊ တက်ဟုန်းပြည်နယ်ခွဲ၊ ခရီးသွား လုပ်ငန်းဦးစီးဌာနမှ ကိုယ်စားလှယ်တစ်ဦးက တက်ဟုန်းပြည်နယ်ခွဲရှိ ခရီးစဉ်ဒေသများအကြောင်းမိတ်ဆက်ပြောကြားခြင်းနှင့် ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ ၎င်းနောက်အခမ်းအနားသို့ တက်ရောက်လာကြသည့်နှစ်နိုင်ငံမှ ခရီးသွားကုမ္ပဏီများအချင်းချင်း သတင်းအချက်အလက်ဖလှယ်ခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် ခရီးစဉ်အတွင်း မန်စီမြို့နှင့် အနီးတဝိုက်ရှိ ခရီးသွားဆွဲ ဆောင်ရာနေရာများနှင့်ခရီးသွားမြှင့်တင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဒေသ ထွက်အမှတ်တရပစ္စည်းများထုတ်လုပ်ရောင်းချသည့် နေရာများသို့ သွားရောက်လေ့လာကာ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် မြန်မာနိုင်ငံမှထွက်ရှိ သည့်ဒေသထွက်အစားအစာများ၊ အမှတ်တရလက်ဆောင်ပစ္စည်းများကို မန်စီရှိ ဒေသထွက် အမှတ်တရ လက်ဆောင်ပစ္စည်းအရောင်းဆိုင်တွင် တင်ပြရောင်းချနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)