မတ် - ၃၁ ( အင်္ဂါနေ့ )
အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ပိုမိုဆိုးရွားလာတဲ့ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်းကြားတွင် ဆားဘီးယားနှင့် ဓာတ်ငွေ့ပေးဝေရေး စာချုပ်ကို သက်တမ်းတိုးပေးရန် ရုရှားသမ္မတ ဗလာဒီမာပူတင်ထံသို့ ဆားဘီးယားသမ္မတ အလက်ဆန်ဒါ ဗူဆစ် က တနင်္လာနေ့တွင် ဖုန်းခေါ်ဆိုခဲ့ရာ ပူတင်က သဘောတူခဲ့ကြောင်း ကြေငြာခဲ့ပါတယ်။
ရုရှားနဲ့ သမိုင်းကြောင်းအရ နီးကပ်သောဆက်ဆံရေးရှိခဲ့တဲ့ ဆားဘီးယားနိုင်ငံသည် ယူကရိန်းပဋိပက္ခတွင် မော်စကိုအား စွမ်းအင်ဆိုင်ရာ ပိတ်ဆို့အရေးယူမှုတွင် ပါဝင်ရန် သို့မဟုတ် စွမ်းအင်ဆိုင်ရာ ဆက်ဆံမှုဖြတ်တောက်ရန် အီးယူရဲ့ ဖိအားပေးမှုကို တသမတ်တည်း ဆန့်ကျင်ခဲ့ပါတယ်။
ပူတင်နှင့် ဗူဆစ် တို့ကြား စကားဝိုင်းသည် အထူးသဖြင့် စွမ်းအင်ထောက်ပံ့မှုနှင့်စပ်လျဉ်းပြီး နှစ်နိုင်ငံအကြား “မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး” ကို အဓိကအာရုံစိုက်ခဲ့တယ်လို့ ကရင်မလင်အစိုးရက အတည်ပြုခဲ့ပါတယ်။ ဆားဘီးယားသမ္မတက ရုရှားထံမှ "တည်ငြိမ်သောဓာတ်ငွေ့များ ပေးပို့ခြင်း" ကို ဆက်လက်လုပ်ဆောင်မှုအတွက် ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့ပါတယ်။
ဖုန်းခေါ်ဆိုမှုအပြီးတွင်၊ ဗူဆစ်က ဒီကနေ့ သက်တမ်းကုန်ဆုံးမဲ့ ဓာတ်ငွေ့ရောင်းချမှု စာချုပ်ကို သုံးလကြာ သက်တမ်းတိုးရန် သဘောတူခဲ့ကြောင်း ဆားဘီးယားမီဒီယာသို့ ပြောကြားခဲ့ပါတယ်။ ကရင်မလင်အစိုးရရဲ့ ထုတ်ပြန်ချက်အရ ပူတင်နှင့် ဗူဆစ် တို့က အီရန်နှင့် အမေရိကန် -အစ္စရေးစစ်ပွဲ၊ ယူကရိန်းပဋိပက္ခ နှင့် ကိုဆိုဗိုရှိ လုံခြုံရေးအပြင် အိမ်နီးချင်းဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား အရေးကိစ္စတို့အပေါ် အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ သိရပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment