ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ၂၀၂၆ ခုနှစ်၊ အစိုးရဓမ္မာစရိယ စာမေးပွဲ ဓမ္မသင်္ဂဏီပါဠိ အဌကထာ(ပထမနေ့) ဖြေဆိုနေမှုများအား သွားရောက်ဖူးမြော်ကြည်ညို - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ၂၀၂၆ ခုနှစ်၊ အစိုးရဓမ္မာစရိယ စာမေးပွဲ ဓမ္မသင်္ဂဏီပါဠိ အဌကထာ(ပထမနေ့) ဖြေဆိုနေမှုများအား သွားရောက်ဖူးမြော်ကြည်ညို



အင်းစိန်၊ မတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယနေ့နေ့လယ်ပိုင်းက ၂၀၂၆ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲ ဓမ္မသင်္ဂဏီပါဠိအဌကထာ(ပထမနေ့) ဖြေဆိုနေမှုများအား သွားရောက်ဖူးမြော်ကြည်ညိုကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က ရန်ကုန်တိုင်းဒေသကြီးအတွင်း ဗဟန်းမြို့နယ်၊ ရှင်သာမဏေဓမ္မဗိမာန်ရှိ စာဖြေဌာနတွင် သံဃာတော်များနှင့် သီလရှင်များ ဖြေဆိုနေမှုအားလည်းကောင်း၊ အင်းစိန်မြို့နယ်၊ သီရိမင်္ဂလာမဟာ သာသနာ့ဗိမာန်တော်ရှိ စာဖြေဌာနတွင် သံဃာတော်များနှင့် သီလရှင်များ ဖြေဆိုနေမှုအားလည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဆုတောင်းပြည့် မယ်လမုစေတီသာသနာ့ဗိမာန်တော်ရှိ စာဖြေဌာနတွင် သံဃာတော်များနှင့်သီလရှင်များ ဖြေဆိုနေမှုအားလည်းကောင်း သွားရောက်ဖူးမြော်ကြည်ညိုကြသည်။

ထို့သို့ ဖူးမြော်ကြည်ညိုရာတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က စာမေးပွဲကြီးကြပ် ဆရာတော်များ၊ စာဖြေသံဃာတော်များနှင့် သီလရှင်များအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြောင်းနှင့် ရန်ကုန် တိုင်းဒေသကြီးအတွင်း စာဖြေဌာန (၁၅)ခုတွင် သံဃာတော်များနှင့် သီလရှင်များ စုစုပေါင်း (၃၃၃၄) ပါး ဖြေဆိုခဲ့ကြောင်း သိရသည်။


ဇွဲထက်ကို

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)