မတ် - ၁၆ ( တနင်္လာနေ့ )
ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန် ကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ မြို့တော်ဘူဒါပတ် မှာ မနေ့က ထောင်နဲ့ချီတဲ့ ဟန်ဂေရီနိုင်ငံသားတွေက လမ်းပေါ်တက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ သူတို့က “ကျတော်တို့ဟာ ယူကရိန်း ကိုလိုနီမဟုတ်ဘူး” ဆိုတဲ့ဆောင်ပုဒ်တွေကို ကိုင်ဆောင်ပြီး မြို့တော်တွင်း လှည့်လည်ကာ လမ်လျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အဲ့ဒိဆန္ဒထုတ်ဖော်ပွဲကို နိုင်ငံတစ်ဝှမ်းမှ ပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ဥရောပသမဂ္ဂ ( အီးယူ ) နိုင်ငံအချို့က ရုရှားကို ပြန်တိုက်ခိုက်ဖို့ ယူကရိန်းအား လက်နက်တပ်ဆင်ရေးနှင့် ရန်ပုံငွေထောက်ပံ့ရေး ကိစ္စကို အော်ဘန်အစိုးရက ဆန့်ကျင်ခဲ့တာနဲ့ ပတ်သက်ပြီး ယူကရိန်းက ဟန်ဂေရီနဲ့ ဆလိုဗက်ကီးယားကို ရုရှားကနေ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ ပို့ပေးနေတဲ့ ပိုက်လိုင်းကို တိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ယူကရိန်း သမ္မတ ဗလာဒီမာဇီလန်စကီးက အော်ဘန်ကို ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုတွေ လုပ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ပါတာကြောင့် ၂ နိုင်ငံ ဆက်ဆံရေးက တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။
တနင်္ဂနွေနေ့ကပဲ အော်ဘန် က ပါလီမန်ရှေ့တွင် သူ့အား ထောက်ခံသူများကို မိန့်ခွန်းပြောခဲ့ရာ၌ “ဒီမှာ ဇီလန်စကီး၊ ကျနော်တို့လူမျိုးတွေက နှစ်ထောင်ချီသက်တမ်းရှိနေပြီဆိုတာ ခင်ဗျား သိဖို့ကောင်းတယ်။ ကျနော်တို့ကို ခြိမ်းခြောက်တာ၊ ကျနော်တို့ ရဲ့စွမ်းအင်တွေကို ပိတ်ဆို့တာတွေက ကျနော်တို့ကို ကြောက်သွားအောင် လုပ်နိုင်မယ်လို့ ထင်နေသလား။ အဲ့ဒါတွေကို ရပ်လိုက်ပါ။ ကျနော်တို့က ကြောက်တတ်တဲ့သူတွေ မဟုတ်ပါဘူး” လို့ ပြောသွားပါတယ်။
ပြီးခဲ့သည့် ရွေးကောက်ပွဲကာလတုန်းကလည်း အော်ဘန်က စစ်ရေး မဟာမိတ်ဖွဲ့ခြင်းဆန့်ကျင်ရေး ကို ပြန်လည် အသက်သွင်းဖို့လိုကြောင်း နဲ့ ဟန်ဂေရီကို လုံခြုံပြီး ငြိမ်ချမ်းတဲ့နိုင်ငံတစ်ခုအဖြစ် ထိန်းသိမ်း စောင့်ရှောက် ပေးမယ် ဆိုတဲ့ ကတိစကားနဲ့ မဲဆွယ်စည်းရုံးခဲ့တာပါ။ ကျနော်တို့ရဲ့ ကလေးတွေကို ယူကရိန်းအတွက် အသေခံ ပေးစရာ မလိုဘူး။ ဟန်ဂေရီအတွက်ပဲ ရှင်သန်ခွင့်ပြုမယ်” လို့ ပြင်ပနိုင်ငံရေး ဖိအားပေးမှုကို ငြင်းပယ်မှာ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေမှာ နိုင်ငံတော်အလံကို ဝှေ့ယမ်းထားတဲ့ လူအုပ်ကြီးဟာ ဘူဒါပတ်စ်မြို့လယ်ကို ချီတက်လာနေတာကို တွေ့ရပါတယ်။ ဆန္ဒထုတ်ဖော်သူတွေက ဟန်ဂေရီသည် ယူကရိန်းရဲ့ “ကိုလိုနီနိုင်ငံ” ဖြစ်လာမည်မဟုတ်ဆိုတဲ့ စာတန်းကြီးတစ်ခု ကိုင်ဆောင်ထားပါတယ်။ ချီတက်ပွဲ တက်ရောက်သူအချို့က ဇီလန်စကီးကို ကြက်ခြေခတ်ထားတဲ့ ဓာတ်ပုံတွေ နဲ့ လာမည့်ရွေးကောက်ပွဲတွင် အော်ဘန်ရဲ့ အဓိကပြိုင်ဘက် ပီတာမက်ယာ ရဲ့ ပုံတွေကို ကိုင်ဆောင်ခဲ့ကြပါတယ်။
REF: RT
#News #MNP

No comments:
Post a Comment