တနင်္သာရီမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ကို ဆက်လက်ဖြေဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ကို ဆက်လက်ဖြေဆို




တနင်္သာရီ  ၊ မတ် ၁၆

၂၀၂၆ ခုနှစ်၊ မတ်လ ၁‌၄ ရက်နေ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် အ.ထ.က-တနင်္သာရီတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၉၁ ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။

တနင်္သာရီမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အ-ထ-က-တနင်္သာရီကျောင်းစာစစ်ဌာနတွင် စာရင်းရှိကျောင်းသား ၈၃ ဦး၊ ကျောင်းသူ ၁၄၉ ဦး၊ စုစုပေါင်း ၂၃၂ ဦးရှိရာ လာရောက်ဖြေဆိုသူ ကျောင်းသား ၆၃ ဦး၊ ကျောင်းသူ ၁၂၈ ဦး၊ စုစုပေါင်း ၁၉၁ ဦးရှိပြီး ကျောင်းသား ၂၀ ဦး၊ ကျောင်းသူ ၂၁ ဦး စုစု‌ပေါင်း ၄၁ ဦး ပျက်ကွက်ခဲ့ကြောင်းသိရသည်။

အဆိုပါတက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမှုကို သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ စနစ်တကျစီမံခန့်ခွဲပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦး‌ဖိလစ်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးနှင့်စာစစ်ဌာနကြီးကြပ်‌ရေးမှူးတို့က လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စာမေးပွဲစတုတ္ထနေ့တွင် ကျောင်းသား၊ ကျောင်းသူများသည် နံနက် ၉ နာရီမှ စတင်၍ စာမေးပွဲခန်းများသို့ ဝင်ရောက်ကာ သတ်မှတ်အချိန်အတိုင်း စည်းကမ်းပြည့်ဝစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

တနင်္သာရီ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)