မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး၌ မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး၌ မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက်

 


မကွေး   ၊ မတ် ၁၆

မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာများ စိမ့်ဝင်ပျံ့နှံ့စေရေးအတွက် ရည်ရွယ်၍ မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်မှုလက်တွေ့ သရုပ်ပြသခြင်းကို မတ်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်သည်။ဦးစွာ မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးလှိုင်က မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာများ၊ လျှပ်စစ်မီးလောင်မှုအကြောင်းနှင့် သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးပြောကြားခဲ့သည်။ထို့နောက် 191 Report Mobile Application အသုံးပြုနည်း၊ ဂက်(စ်)အိုး မီးလောင်မှုအား မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း၊ Dry Chemical Powder (DCP) မီးသတ်ဆေးဘူးဖြင့် စနစ်တကျလက်တွေ့ မီးငြှိမ်းသတ်ခြင်းများကို သရုပ်ပြခဲ့ပြီး ဝန်ထမ်းများ ကိုယ်တိုင်လက်တွေ့ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ဆက်လက်၍ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးသည် သားဖွားမီးယပ်နှင့် မွေးကင်းစကလေး ကုသဆောင်ရှိ မီးဘေးလုံခြုံရေးစနစ်များနှင် (၅)ထပ်ဆောင်ရှိ မီးဘေးလုံခြုံရေးစနစ်များကို စမ်းသပ်စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို အကြံပြုမှာကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးမှ ဝန်ထမ်းများ၊ စုစုပေါင်း(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

မောင်ခိုင်မင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)