အမေရိကန်ကတော့ အိန္ဒိယကို ဒုတိယတရုတ် ဖြစ်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန်ကတော့ အိန္ဒိယကို ဒုတိယတရုတ် ဖြစ်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ဆို


မတ် - ၈ ( တနင်္ဂနွေနေ့ ) 

အမေရိကန်နိုင်ငံက အိန္ဒိယနှင့် ဆက်ဆံရေး ချဲ့ထွင်ရန် ကြိုးပမ်းနေပေမဲ့ တရုတ်လို အားကောင်းတဲ့ ပြိုင်ဘက် အဖြစ် ပေါ်ထွက်ခွင့်ပြုမှာ မဟုတ်ဘူးလို့ အ‌မေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ခရစ္စတိုဖာ လန်ဒူ က ပြောကြားခဲ့ပါတယ်။ 

လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုကျော်က တရုတ်နိုင်ငံက အမေရိကန်အပေါ် ချဉ်းကပ်တဲ့ပုံစံနဲ့တူနေတဲ့အတွက်ကြောင့် အမေရိကန်အနေနဲ့ အိန္ဒိယကို ၂ နိုင်ငံ ဆက်ဆံရေး ကောင်းမွန်အောင်လုပ်တာက တစ်ပိုင်း အမေရိကန်ရဲ့ပြိုင်ဘက်ဖြစ်မလာအောင် တားဆီးရာက တစ်ပိုင်း၊ ခွဲခြားပြီး လုပ်ကိုင်သွားမယ် လို့ လန်ဒူ က ပြောပါတယ်။ 

အိန္ဒိယရေးရာ ရေ့ဆီနာဒိုင်ယာလော့ နိုင်ငံရေးဆွေးနွေးပွဲမှာ လန်ဒူက “လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က တရုတ်နဲ့ ပတ်သက်ပြီး ကျနော်တို့ အမှားတွေလုပ်ခဲ့တယ်။ အဲ့ဒိလို့ချဉ်းကပ်မှုမျိုးကို အိန္ဒိယက ကျနော်တို့ကို လုပ်နေပြန်ပြီ။ အမေရိကန်ကို မှီပြီး အိန္ဒိယရဲ့ဈေးကွက်တွေအားလုံးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်တော့မှာ မဟုတ်ဘူးလို့ အိန္ဒိယအနေနဲ့ နားလည်ထားသင့်ပါတယ်၊ ပြီးတော့ နောက်တစ်ခုက စီးပွားဖြစ် ပွဲတော်တော်များများမှာ အိန္ဒိယက ကျနော်တို့ကို အနိုင်ယူနေတယ်ဆိုတာကို တွေ့နေရတယ်" လို့ ပြောသွားပါတယ်။ 

အမေရိကန်အနေနဲ့ အိန္ဒိယနဲ့ ကုန်သွယ်မှုစီးပွားရေးဆိုင်ရာ ဆက်ဆံမှုများက အမေရိကန်များအတွက် တရားမျှတမှုရှိစေရန် အာမခံပေးရမှာဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။ “ကုန်ကုန်ပြောမယ်ဗျာ၊ အိန္ဒိယအစိုးရအနေနဲ့ သူ့နိုင်ငံ ပြည်သူတွေကို တာဝန်ခံပေးရသလိုပဲ ကျနော်တို့ကလည်း ကျနော်တို့ ပြည်သူတွေအပေါ် တာဝန်ခံပေးရတာ ရှိနေတယ်လေ” လို့ ဆိုပါတယ်။ အိန္ဒိယ-အမေရိကန် ကုန်သွယ်ရေး သဘောတူညီချက် ညှိနှိုင်းမှုက “အဆုံးသတ်ရောက်ခါနီးနေပြီ”လို့ ပြောပါတယ်။ 

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) တွင် တရုတ်နိုင်ငံရဲ့ ဝင်ရောက်မှုကို လွယ်ကူချောမွေ့စေရန် ၂၀၀၁ ခုနှစ်က ချပေးလိုက်တဲ့ ဆုံးဖြတ်ချက်က အမေရိကန်ကို စက်မှုလုပ်ငန်းဆိုင်ရာသြဇာကို ဆုတ်ယုတ်သွားစေခဲ့ပါတယ်။ အဲ့ဒိကိစ္စက အမေရိကန်အတွက် မဟာဗျူဟာမြောက် တွက်ချက်မှုတစ်ခုအဖြစ် ရှုမြင်လာရပါတယ်။ တရုတ်သွင်းကုန်များ ဝင်ရောက်လာမှုကြောင့် အမေရိကန်ကုန်ထုတ်လုပ်ငန်း အလုပ်အကိုင် သန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရကြောင်း အမေရိကန် တွေးခေါ်ရှင်တစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။ 

အမေရိကန်က တရုတ်အစိုးရရဲ့ ထောက်ပံ့ကြေးများနှင့် ဈေးကွက်မဟုတ်တဲ့ ကျင့်ထုံးများကို စစ်ဆေးရန် ပျက်ကွက်ခဲ့ပြီး ဈေးကွက်ဝင်ရောက်ခွင့်အတွက် နည်းပညာလွှဲပြောင်းမှုတွေ လုပ်ခဲ့တာကြောင့် တရုတ်ဦးဆောင်တဲ့ ကမ္ဘာလုံးဆိုင်ရာ အမှာစာတွေမှာ  အနှောင့်အယှက်ဖြစ်သွားစေပါတယ် ဆိုပြီး အမေရိကန် မူဝါဒချမှတ်သူအချို့က ဆိုကြပါတယ်။ 

အထူးသဖြင့် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပြဿနာများကြောင့် အမေရိကန်-တရုတ် ဆက်ဆံရေးမှာ နှစ်ပေါင်းများစွာ တင်းမာနေခဲ့တာကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စည်းကြပ်ခွန်များ တိုးမြင့်ပြီး အတိုင်းအတာ အပြည့်ဖြင့် ကုန်သွယ်ရေးစစ်ပွဲကို ဆင်နွဲလိုက်တာပဲ ဖြစ်ပါတယ်။

ထရမ့် သမ္မတ ပြန်ဖြစ်ပြီးကတည်းက အမေရိကန်သည် အိန္ဒိယ၊ တရုတ်၊ ဥရောပသမဂ္ဂကဲ့သို့သော နိုင်ငံများ၊ အုပ်စုများနဲ့ ပတ်သက်ပြီး နှစ်ဘက်ကုန်သွယ်ရေးညှိနှိုင်းမှုများတွင် သူ့ရဲ့  “အမေရိကန် ဦီးစားပေး”  ချဉ်းကပ်မှုအတိုင်းပဲ သွားခဲ့တာပါ။ 

နယူးဒေလီနှင့် ဝါရှင်တန်တို့က ကုန်သွယ်ရေးသဘောတူညီချက်အတွက် ဆွေးနွေးနေတာက တစ်နှစ်ကျော်နေပါပြီ။ ဖေဖော်ဝါရီလထဲမှာ ရုရှားရေနံတင်သွင်းမှုနှင့်ပတ်သက်ပြီး အိန္ဒိယအပေါ် ဒဏ်ခတ်ခြင်း ၂၅ ရာခိုင်နှုန်းကို ဖယ်ရှား ပေးခဲ့ပါတယ်။ မကြာသေးမီလများအတွင်း အိန္ဒိယသည် ပို့ကုန်ဈေးကွက်များ ကွဲပြားစေရန်နှင့် ၎င်း၏အကြီးဆုံး ကုန်သွယ်ဖက်အဖြစ် အမေရိကန်အပေါ် မှီခိုအားထားမှုကို လျှော့ချရန် ကြိုးပမ်းမှုအနေနဲ့ ဗြိတိန်၊ အိုမန်၊ နယူးဇီလန်၊ အီးယူတို့နဲ့ ကုန်သွယ်ရေးသဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ပါတယ်။ 


REF: RT 

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)