ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမျိုးသားကင်ဆာကုသရေးဗဟိုဌာန (National Cancer Center - NCC) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမျိုးသားကင်ဆာကုသရေးဗဟိုဌာန (National Cancer Center - NCC) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်












နေပြည်တော်၊ မတ် ၇

၂၀၂၆ ခုနှစ်၊ (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမျိုးသားကင်ဆာကုသရေး ဗဟို (National Cancer Center NCC) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့် ဖွင့်လှစ်ပေးသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အဖွဲ့ဝင်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ နိုင်ငံတကာမှ ကင်ဆာပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ဆေးပညာရှင်ကြီးများ၊ ကျန်းမာရေးဝန်ထမ်း များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အခမ်းအနားပြုလုပ်မည့်နေရာသို့ရောက်ရှိကြရာ တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် အမျိုးသား ကင်ဆာကုသရေးဗဟိုဌာန၊ (National Cancer Center NCC) ဖွင့်ပွဲ အခမ်းအနားကို ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သည့် ဦးတင်အောင်စန်း၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမျိုးသန့်နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက အမျိုးသားကင်ဆာကုသရေး ဗဟိုဌာန၊ (National Cancer Center NCC)ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။ ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက အမျိုးသားကင်ဆာကုသရေးဗဟို ဌာန (၅)ထပ်ကုသဆောင်သစ် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖြန်းပေး သည်။ ဆက်လက်ပြီး ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖြန်း ပေးကြသည်။

၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် ၈ ထပ်ကုသဆောင်သစ်သို့ ရောက်ရှိကြပြီး ကုသဆောင်သစ် ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ကုသဆောင်အတွင်းရှိဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသမှု စက်ခန်းများအား လိုက်လံကြည့်ရှုပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် စက်ခန်းအလိုက် ကုသရေးပါရဂူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

၎င်းနောက် အမျိုးသားကင်ဆာကုသရေးဗဟိုဌာန၊ (National Cancer Center NCC) ဖွင့်ပွဲအခမ်းအနားအစီအစဉ်ဒုတိယပိုင်းကို ၈ ထပ်ကုသဆောင်၊ အစည်းအဝေးခန်းမ ၌ ဆက်လက်ကျင်းပပြုလုပ်ရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာ၌ ယနေ့တွင် နိုင်ငံတော်ရန်ပုံငွေနှင့် တည်ဆောက်ခဲ့သည့် အမျိုးသားကင်ဆာကုသရေးဗဟိုဌာနကို ဖွင့်လှစ်နိုင်ပြီဖြစ်ခြင်းကြောင့် နိုင်ငံတော်၏ ကျန်းမာရေးကဏ္ဍအတွက် မင်္ဂလာရှိသည့်နေ့၊ မှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်သည့် နေ့တစ်နေ့ဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ်၊(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ဖွင့်လှစ်နိုင်ခြင်းကြောင့်လည်း များစွာ ဂုဏ်ယူ ဝမ်းမြောက်မိသည်ကို ပြောကြားလိုကြောင်း။

မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်ယူသည့် ကာလတစ်လျှောက်လုံး နိုင်ငံတော်၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ်မြစ်များ ခိုင်မာလာစေရန် ဦးတည်ချက် များ ချမှတ်ဖော်ဆောင်လျက်ရှိရာတွင် “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာ စေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို မြှင့်တင်ရေး”ဆိုသည့် ဦးတည်ချက်ကို ထည့်သွင်းပြီး လက်တွေ့ကျကျ အလေးထား ဆောင်ရွက်ပေး လျက်ရှိကြောင်း။ 

လူ့ဘဝတွင် “ကျန်းမာမှ ပညာသင်နိုင်မည်၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်” ဖြစ်သည့်အတွက် ကျန်းမာရေးသည် ဘဝရှင်သန်ရေးနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုး ရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံအကျဆုံး အုတ်မြစ်ပင်ဖြစ်ကြောင်း၊ ပြည်သူများကျန်းမာ သန်စွမ်းရှိကြမှသာ နိုင်ငံတော်၏ထုတ်လုပ်မှုစွမ်းအား၊ လူမှုတည်ငြိမ်ရေးနှင့် အနာဂတ် မျိုးဆက်သစ်များ၏ တိုးတက်ရေးကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ အနေဖြင့် ပြည်သူများသက်တမ်းစေ့နေနိုင်ရေး၊ ရောဂါဘယကင်းရှင်းရေးနှင့် ကျန်းမာ ကြံ့ခိုင်ရေးတို့ကို ရည်မှန်းချက်ထားပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း။

င်ဆိုင်ခဲ့ မိမိတို့ တာဝန်ယူခဲ့သည့် (၅)နှစ်တာကာလအတွင်း ကျန်းမာရေးကဏ္ဍတွင် ကြီးမား သည့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ခဲ့ရသော်လည်း အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့ကြ သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ပထမတစ်နှစ်အတွင်းတွင် တစ်ကမ္ဘာလုံးရင်ဆ ရသည့် ကိုဗစ်-၁၉ ရောဂါဆိုးကြီးကို “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဆိုသည့် မူဝါဒဖြင့် အစိုးရ၊ ဝန်ထမ်းများနှင့် ပြည်သူများ စုပေါင်းအားဖြင့် အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကြကြောင်း၊ ထို့အပြင် ၂၀၂၃ ခုနှစ် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ် ရာဂီ မုန်တိုင်းနှင့် ၂၀၂၅ ခုနှစ် မန္တလေးငလျင် စသည့်သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ ခဲ့ရချိန်တွင်လည်း ကျန်းမာရေးဝန်ထမ်းများသည် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး တက်ညီ လက်ညီဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ကြိုးပမ်းလုပ်ဆောင်ခဲ့ ကြသည် ကိုတွေမြင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်လည်း အခက်အခဲများကြားက အောင်မြင် အောင် ဆောင်ရွက်နိုင်ခဲ့ပြီး နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ဖြစ်ပွား ခြင်းမရှိခဲ့သဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း။

ကျန်းမာရေးကဏ္ဍ အခြေခံအဆောက်အအုံများ ဖြည့်ဆည်းမှုအနေဖြင့်လည်း (၅)နှစ်အတွင်း ပြည်သူ့ဆေးရုံပေါင်း(၂၅)ရုံကို အဆင့်မြှင့်တင်ပေးနိုင်ခဲ့ပြီး မြို့ပြနဲ့ကျေး လက် ကျန်းမာရေးစောင့်ရှောက်မှု ကွာဟချက် မရှိစေရန်၊ တန်းတူညီမျှ ရရှိစေရန်အတွက် ကျေးလက်ဒေသများတွင် (၁၆)ခုတင်ဆံ့ ဆေးရုံ(၁၂)ရုံကို အသစ်တိုးချဲ့ ဖွင့်လှစ်ပေးနိုင်ခဲ့ ကြောင်း၊ ဆေးရုံများတွင် ရှိသင့်ရှိထိုက်သည့် အရည်အသွေးမြင့် အဆောက်အဦ ကောင်းများကို တည်ဆောက်ပေးခဲ့ရာတွင် (၅)နှစ်အတွင်း ဆေးရုံအဆောက်အဦသစ် (၄၁)ခုနှင့် ဝန်ထမ်းအိမ်ရာများကိုလည်း တည်ဆောက်ပေးနိုင်ခဲ့ကြောင်း။

ကျန်းမာရေးကဏ္ဍ အဆင့်မြှင့်တင်ရာတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် วะ(Sustainable Development Goals SDG)၏ ပန်းတိုင်(၃)ဖြစ်သည့် ကျွမ်းကျင်သောကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးဆိုသည့် ပန်းတိုင်ကို ပြည့်မီစေရန်အလေးထားဆောင်ရွက်ပေးလျက်ရှိနေကြောင်း၊“ဆေးရုံရှိလျှင် ဆရာဝန် ရှိရမည်” ဆိုသည့် မူဝါဒချမှတ်ပြီး (၅)နှစ်တာကာလအတွင်း ပြည်သူ့ဆေးရုံတိုင်း အတွက် သစ်လွင်ဆရာဝန်(၂,၆၄၉)ဦး အပါအဝင်သွားနှင့်ခံတွင်းဆရာဝန်များ၊ သူနာပြု များ၊ ဆေးဘက်ကျွမ်းကျင် ဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများကိုလည်း ခန့်အပ်ပေးနိုင်ခဲ့ကြောင်း၊ ထို့အပြင် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရန် ပြည်တွင်းပြည်ပ ဘွဲ့လွန်သင်တန်းများ တက်ရောက်ခွင့်ကို စီစဉ် ဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ သူနာပြုများ၏ ရာထူးအဆင့်မြှင့်တင်ခြင်းနှင့် သူနာပြုသင်တန်း ကျောင်းများ ကို သူနာပြုသိပ္ပံများအဖြစ် အဆင့်မြှင့်တင်ခြင်းတို့ကို လည်း ဆောင်ရွက်ပေးခဲ့ကြောင်း။

ဒသမ ကမ္ဘာပေါ်တွင် မကူးစက်နိုင်သည့်ရောဂါများ ဖြစ်ပွားနှုန်းသိသိသာသာ မြင့်မားလာ နေပြီး အဆိုပါရောဂါများထဲတွင် ကင်ဆာရောဂါသည် ကျန်းမာရေးကဏ္ဍအတွက် ကြီးမား သည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနေကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးတွင် ကင်ဆာလူနာသစ် သန်း (၂၀) ခန့်ရှိပြီး ထိုအထဲမှ ၉ ဒသမ ၆ သန်းခန့် သေဆုံးခဲ့သည်ဟု သိရကြောင်း၊ မိမိတို့နိုင်ငံ တွင်လည်း အသက် (၇၅)နှစ်မတိုင်မီ ကင်ဆာဖြစ်ပွားနိုင်ချေ ၁၃ ၉ ရာခိုင်နှုန်း ရှိနိုင်သည်ဟု ခန့်မှန်းထားသည့်အတွက် ကင်ဆာရောဂါကာကွယ် ထိန်းချုပ်ရေးသည် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် အရေးကြီးလာကြောင်း၊ ကင်ဆာရောဂါကြောင့် သေဆုံးမှုနှုန်း လျှော့ချရန်နှင့် ရောဂါဖြစ်ပွားသည်ကို စောစီးစွာ သိရှိကုသမှုခံယူနိုင်ရန် အတွက် မြန်မာနိုင်ငံတွင် “ကင်ဆာရောဂါ ထိန်းချုပ်ရေး အမျိုးသားမဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇)”ကိုရေးဆွဲပြီး ကင်ဆာရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေး အတွက် အမျိုးသားအဆင့် မဟာဗျူဟာတစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း။

ကင်ဆာရောဂါကုသမှုတွင် ဆေးသွင်းကုသခြင်း၊ ခွဲစိတ်ကုသခြင်းနှင့် ဓာတ်ရောင် ခြည်နှင့်ကုသခြင်းစသည့် ကုထုံးအမျိုးမျိုးရှိကြောင်း၊ ဓာတ်ရောင်ခြည်နှင့် ကုသခြင်းသည် ရောဂါကိုပျောက်ကင်းစေခြင်းနှင့် ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ခြင်းတို့အတွက် အလွန် အရေးပါသည့် ကုသမှုတစ်ခုဖြစ်ကြောင်း၊ ကင်ဆာလူနာများ ဓာတ်ရောင်ခြည်နှင့်ကုသခံ ရန် စောင့်ဆိုင်းရသည့်အချိန်ကို လျှော့ချနိုင်ရန်အတွက် ဓာတ်ရောင်ခြည်ကုသစက်များ ဝယ်ယူတပ်ဆင်ရေး လိုအပ်သည့်ရန်ပုံငွေကို အထူးဦးစားပေးခွင့်ပြုပေးခဲ့ကြောင်း၊ ဒါ့ကြောင့် ယခုမြန်မာနိုင်ငံမှာ ဓာတ်ရောင်ခြည်ကုသစက် စုစုပေါင်း(၂၆)လုံး၊ Brachytherapy ဓာတ်အပ်စိုက်ကိရိယာ (၉)လုံးအထိ တိုးတက်တပ်ဆင် အသုံးပြုပြီး ကုသပေးနေပြီ ဖြစ်ကြောင်း။

၂၀၂၁ ခုနှစ်နောက်ပိုင်း ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင်ရှိသည့် ဆေးရုံကြီးများတွင် ဓာတ်ရောင်ခြည်ကုသစက်အသစ်(၇)လုံး တပ်ဆင်ပေးနိုင်ခဲ့သဖြင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ဆေးရုံကြီးများနှင့် ဌာနများတွင် ဓာတ်ရောင်ခြည်စင်တာ (၅)ခု၊ ဓာတ်ရောင်ခြည်ကုသစက်(၁၅)လုံး၊ ဓာတ်အပ်စိုက်ကိရိယာ(၄)လုံး ရှိနေပြီ ဖြစ်ကြောင်း၊ ထို့အပြင် တပ်မတော်ဆေးရုံများတွင် ဓာတ်ရောင်ခြည်စင်တာ (၄)ခု၊ ဓာတ်ရောင်ခြည်ကုသစက် (၄)လုံး၊ ဓာတ်အပ်စိုက်ကိရိယာ (၁)လုံးနှင့် ကုသမှုပေးနိုင် နေပြီဖြစ်ကြောင်း၊ ပုဂ္ဂလိကကဏ္ဍတွင်လည်း အဆင့်မြင့်ဓာတ်ရောင်ခြည် ကုသစက်ကြီး များနှင့် ကုသခွင့်ကို ခွင့်ပြုပေးထားသဖြင့် ပုဂ္ဂလိက ဆေးရုံများတွင် ဓာတ်ရောင်ခြည် စင်တာ(၅)ခု၊ ဓာတ်ရောင်ခြည်ကုသစက် (၇)လုံး၊ ဓာတ်အပ်စိုက်ကိရိယာ (၄)လုံး တပ်ဆင် အသုံးပြုလျက်ရှိသည်ကို သိရှိရကြောင်း။

ယနေ့ဖွင့်လှစ်သည့် အမျိုးသားကင်ဆာကုသရေးဗဟိုဌာနကို ကင်ဆာ ဝေဒနာရှင် များအတွက် တစ်နေရာတည်းတွင်ပြည့်စုံသည့်ကုသမှုစင်တာ (One-stop Comprehensive Care Center)အဖြစ် ဆေးကုသမှုများပေးနိုင်ရန်နှင့် သုတေသနလုပ်ငန်းများကိုပါ လုပ်ဆောင်နိုင်ရန် ရည်ရွယ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ (၅)ထပ် ကုသဆောင်၊ (၈)ထပ် ကုသဆောင်များနှင့် ဓာတ်ရောင်ခြည်စက်ခန်းများအတွက် နိုင်ငံတော်မှ ငွေကျပ် (၃၄) ဘီလီယံကျော်၊ ဝန်ထမ်းအိမ်ရာများအတွက် ငွေကျပ် (၁၂) ဘီလီယံကျော်နှင့် ဓာတ်ရောင် ခြည်ကုသစက်အသစ်(၃)လုံးအတွက် (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်အတွင်း ငွေကျပ် (၃၀)ဘီလီယံကျော်ကို ခွင့်ပြုပေးခဲ့ကြောင်း၊ ယခုနှစ်တွင် အလှူရှင်များ လှူဒါန်းသည့် စက်(၁)လုံးသည်လည်း ငွေကျပ် (၁၉)ဘီလီယံ တန်ဖိုးရှိကြောင်းသိရှိရပြီး လှူဒါန်းမှု အတွက် ကျေးဇူးတင်ရှိသည်ကို ပြောကြားလိုကြောင်း။

ဓာတ်ရောင်ခြည် ကုသမှုခံယူမည့် လူနာများအတွက် ဓာတ်ရောင် ခြည်စက်များ ထားရှိမည့် စက်ခန်းများကို ကြိုတင်ပြီး ဦးစားပေးဆောက်လုပ်ခဲ့ကြောင်း၊ ထို့ကြောင့် ဗဟိုဌာနကြီး ယခုကဲ့သို့မပြီးစီးမီ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလကတည်းက ဓာတ်ရောင် ခြည်ကုသစက်(၂)လုံးနှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် နောက်ထပ်ဓာတ်ရောင်ခြည် ကုသစက်(၁)လုံး တပ်ဆင်အသုံးပြုပြီး ကြိုတင်ကုသပေးနိုင်ခဲ့ကြောင်း၊ လူနာပေါင်း (၁,၆၀၁)ဦးကို ဓာတ်ရောင်ခြည်နှင့် ကင်ဆာကုသမှုအကြိမ်ပေါင်း (၅၀,၀၀၀)ကျော် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လူနာများစောင့်ဆိုင်းကာလကို သိသာစွာ လျှော့ချပေးနိုင်ခဲ့ကြောင်း၊ ထို့အပြင် အဆောက်အအုံများ ဆောက်လုပ်ပြီးစီးသည့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှ စပြီး အတွင်းလူနာများကိုပါ လက်ခံကုသပေးနိုင်ခဲ့ခြင်းကြောင့် အတွင်းလူနာ (၂၈၅)ဦးနှင့် ပြင်ပလူနာ (၃,၈၀၅)ဦးကို ကြည့်ရှုကုသမှုပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း။

ယခုကဲ့သို့ အခြေခံအဆောက်အအုံများ ပြည့်စုံလာသည်နှင့်အတူ ကင်ဆာရောဂါ ဆိုင်ရာ ဆေးကုသမှုအရည်အသွေး ပိုမိုမြင့်မားစေရန်အတွက် စံညွှန်းကုထုံးများနှင့်အညီ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပြည်ပပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်၊ စက်ပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်နိုင်မည့် အဏုမြူရောင်ခြည် ဆိုင်ရာပညာရှင်များနှင့် အထူးကုဆရာဝန်ကြီးများကို စဉ်ဆက်မပြတ် လေ့ကျင့် မွေးထုတ် ပေးကြရန်လည်း မှာကြားလိုကြောင်း၊ အမျိုးသားကင်ဆာရောဂါ မှတ်တမ်းစနစ် (National Cancer Registry) ကို တည်ဆောက်ရန် နိုင်ငံတကာနှင့်ပူးပေါင်းပြီး သုတေ သနလုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း။

အထူးမှာကြားလိုသည်မှာ ရှိနေသည့်စက်ပစ္စည်းများ မည်မျှပင် ခေတ်မီကောင်းမွန် နေပါစေ ကိုင်တွယ်အသုံးပြုသည့် လူသားအရင်းအမြစ်များ၏ ကျွမ်းကျင်မှုနှင့် စေတနာ သည်သာလျှင် ကုသမှုအောင်မြင်ရန်အတွက် အရေးကြီးဆုံးအကြောင်းအရာ ဖြစ်ကြောင်း၊ ကင်ဆာဝေဒနာရှင်များသည် မိမိတို့ခံစားနေရသည့် ဝေဒနာနှင့်ပတ်သက်ပြီး စိတ်ပိုင်း ဆိုင်ရာ ထိခိုက်မှုများလည်းရရှိနိုင်သည့်အတွက် ကျန်းမာရေးဝန်ထမ်းများတွင် ရှိပြီးဖြစ် သည့် “စေတနာ၊ ဝါသနာ၊ အနစ်နာ” ဆိုသည့် နာသုံးနာကိုအရင်းခံပြီး လူနာများ အပေါ် မိသားစုစိတ်ဓာတ်ဖြင့်မေတ္တာထားပြီး နွေးထွေးကြင်နာစွာ ပြုစုစောင့်ရှောက်ပေး ကြရန် အလေးအနက်မှာကြားလိုကြောင်း၊ ပြည်သူလူထု အားကိုးယုံကြည်ရသည့် ဌာနကြီး ဖြစ်အောင် အားလုံးကဝိုင်းဝန်းထိန်းသိမ်း ကြိုးပမ်းပေးကြရန်လည်း တိုက်တွန်းမှာ ကြားလိုကြောင်း။

ရောဂါဖြစ်မှကုသခြင်းထက် “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းသည်” ဆိုသည့်အတိုင်း ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်သည့် နေထိုင်မှုပုံစံများ ရှိစေရန်၊ အရက်နှင့်ဆေးလိပ်သုံးစွဲမှု လျှော့ချရန်၊ သားအိမ်ခေါင်းကင်ဆာနှင့် အသည်း ရောင်အသားဝါ(ဘီ)ရောဂါကာကွယ် ဆေးများထိုးနှံကြရန်နှင့် ရောဂါကို အစောဆုံး ရှာဖွေ ဖော်ထုတ်နိုင်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့် ပဏာမကျန်းမာရေး စောင့်ရှောက်မှုစနစ်နှင့် ချိတ်ဆက်ပြီး ကင်ဆာရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

ပြည်သူလူထုအတွက် ပိုမိုကောင်းမွန်သည့် ကျန်းမာရေးဝန်ဆောင်မှုများပေး နိုင်ရေး အခုကဲ့သို့ခေတ်မီအဆောက်အအုံများ အောင်မြင်စွာ တည်ဆောက်ပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ကျန်းမာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ တာဝန်ရှိသူအားလုံးကို မှတ်တမ်းတင် ဂုဏ်ပြု သည်ကို ပြောကြားလိုကြောင်း၊ အမျိုးသားကင်ဆာကုသရေး ဗဟိုဌာနသည် နှစ်ပေါင်း များစွာ ရေရှည်အသုံးပြုနိုင်မည့် ဌာနတစ်ခုဖြစ်ပြီး ပြည်သူများအတွက် အကျိုးရှိမည့် ဌာနကြီးဖြစ်ခြင်းကြောင့် ကျန်းမာရေးဝန်ကြီးဌာန၏ သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ကျန်ရှိနေမည် ဖြစ်ကြောင်းနှင့်အားလုံးကိုယ်စိတ်ကျန်းမာစွာဖြင့် ပြည်သူများ၏ အကျိုးကို ဆတက် ထမ်းပိုး ဆောင်ရွက်နိုင်ကြပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် အမျိုးသားကင်ဆာ ကုသရေးဗဟိုဌာန၊ (National Cancer Center - NCC) ဖွင့်ပွဲအထိမ်းအမှတ် မှတ်တမ်း Video ကို ကြည့်ရှုသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌထံသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမျိုးသား şı (National Cancer Center NCC) ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ကို ဂါရဝပြုပေးအပ်သည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ နှင့်မိသားစုက အမျိုးသားကင်ဆာကုသရေးဗဟိုဌာနအတွက် အလှူငွေ များကို ပေးအပ်လှူဒါန်းရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လက်ခံ ရယူသည်။

၎င်းနောက် အမျိုးသားကင်ဆာကုသရေးဗဟိုဌာန၊ (National Cancer Center NCC) အဆောက်အဦနှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လွှဲပြောင်းပေးအပ်ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက အမျိုးသားကင်ဆာ ကုသရေးဗဟိုဌာန၊ (National Cancer Center NCC) ဖွင့်လှစ်နိုင်ခဲ့မှုနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းသတင်းရရှိသည်။


#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)