ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လက်ပံတန်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လက်ပံတန်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု



လက်ပံတန်း၊ မတ် ၃

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များ၊ သာယာဝတီခရိုင် စိုက်ပျိုးရေး မွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လက်ပံတန်း   မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲပိုင်းက လက်ပံတန်းမြို့နယ် ကျွန်းကလေးကျေးရွာ ဦးထက်ဝေခိုင်၏ ဝက်မွေးမြူရေးခြံသို့ ရောက်ရှိ ကြည့်ရှုစစ်ဆေးခဲ့သည်။

ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဦးထက်ဝေခိုင်၏ အသားတိုးဝက် ၇၀ကောင်၊ မျိုးဝက်မ ၆ ကောင် မွေးမြူထားရှိမှုအခြေအနေအား ကြည့်ရှုအား‌ပေးပြီး၊ ဒေသထွက်ကုန်ကြမ်းစပ်စာများနှင့် ရောစပ်၍ ဝက်စာများကြွေးမွေးရန်၊ ပတ်ဝန်းကျင် အနံ့အသက်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန်နှင့် ရှေ့ဆက်၍ ဝက်အကောင်ရေ တိုးချဲ့မွေးမြူသွားရန် လမ်းညွှန်မှာ ကြားခဲ့ကြောင်း သိရသည်။


#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)