သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၏ (၆၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၏ (၆၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ အခမ်းအနားကျင်းပ









ပုဇွန်တောင်၊ မတ် ၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် တည်ထားကိုးကွယ်တော် မူသော သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၏ (၆၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယမန်နေ့တပေါင်းလပြည့်နေ့ နံနက် ၅ နာရီအချိန်မှ စတင်၍ ကျင်းပပြုလုပ်ခဲ့သည်။

၁၃၈၇ ခုနှစ် တပေါင်းလပြည့် နံနက်အရုဏ်တွင် ဆရာတော်သံဃာတော်များက ဘုရားအနေ ကဇာတင်ခဲ့ပြီး ဆွမ်းတော်ကြီးကပ်လှူခဲ့ကြသည်။ ဆက်လက်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ရွှေဘုန်းပွင့်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့တို့က ဆရာတော် သံဃာတော်များအား အရုဏ်ဆွမ်းကပ်လှူခဲ့ကြသည်။ ဆက်လက်ပြီး နေ့လယ် ၃ နာရီတွင်  ဗုဒ္ဓပူဇနိယပွဲတော်အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ် ခဲ့ပြီး ရွှေဘုန်းပွင့်စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ သြဝါဒါစရိယ တိုင်းသံဃနာယက အဖွဲ့ဥက္ကဋ္ဌကိုယ်စား ဆရာတော် ဘဒ္ဒန္တသီလဝံသထံမှ ငါးပါးသီလခံယူခဲ့ကြပြီး မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးတင်နွယ်ထွန်းတို့က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ ထို့နောက် ကြွရောက်တော်မူလာကြသည့် သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော် များ ရွတ်ဖတ်သရဇ္စျာယ်ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချခဲ့ကြသည်။ 

ယင်းနောက် မြတ်စွာဘုရားအားအမှူးပြု၍ မြို့နယ်အတွင်းရှိ ကျောင်းပေါင်း(၂၉)ကျောင်းမှ သံဃာတော်(၁၀၈)ပါးအား  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ရွှေဘုန်းပွင့် ဘဏ္ဍာ တော်ထိန်းဂေါပကအဖွဲ့၊ မြို့နယ်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ၇ ရက်သားသမီးအလှူရှင်များက ဆန်၊ ဆား၊ ဆေး၊ ပဲ ၊ ကြက်သွန်နီ  ၊ လ္ဘက် ခြောက်၊ ငါးခြောက်၊ ဆပ်ပြာမှုန့်၊ ခေါက်ဆွဲခြောက်၊  အမွှေးခဲ၊ ဝတ္ထုငွေများ အစရှိသည့် လှူဖွယ်ပစ္စည်းများဖြင့် ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြကြောင်း သိရသည်။



ဟန်စုယဉ်

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)