ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတသည် ၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ အခါသမယနှင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့်စေတနာကိုနားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအမိန့်များထုတ်ပြန်ကာ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်၊ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)၊ ပုဒ်မ ၅၂ (က)ဖြင့် ကြားနာစစ်ဆေးဆဲအမှုများကို ပိတ်သိမ်းပေးခဲ့ပါတယ်။
အဆိုပါ အမိန့်များတွင်အကျုံးဝင်သော ပြစ်ဒဏ်ကျခံနေရသူ အကျဉ်းသား၊ အကျဉ်းသူများမှာ ၎င်းတို့ကျခံရန်ကျန်ရှိသောပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်၊ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် တရားရုံးကြားနာစစ်ဆေးဆဲအမှုများကိုပိတ်သိမ်း၍ တရားခံများကို အမှုမှလွှတ်ခွင့်တို့ ရရှိလိုက်ကြသည်။ အရေအတွက်အားဖြင့် သောင်းနှင့်ချီသော ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်၊ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် ကြားနာစစ်ဆေးဆဲအမှုများ ပိတ်သိမ်းခွင့်တို့ကို ခံစားရရှိသူ ခုနစ်ရက်သားသမီးအပေါင်းနှင့်တကွ ၎င်းတို့နှင့် ဆက်နွှယ်နေသည့် မိသားစုဝင်များ ဝမ်းမြောက်ဝမ်းသာရှိကြမည့် အပေါ်တွင်လည်း မြင်ရ၊ ကြားရသူအပေါင်းတို့က မုဒိတာပွားကြ ဖွယ်ရာပင်ဖြစ်ပါတယ်။
နိုင်ငံတော်အကြီးအကဲများရဲ့ ယခုလို ဆောင်ရွက်ချက်က ပြည်သူများအပေါ် ကျောသားရင်သားမခွဲခြားဘဲ မိဘက သားသမီးအပေါ် ထားတဲ့ စိတ်ထားမျိုးနဲ့ ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။ ဒါကို အကျဉ်းထောင်က လွတ်လာသူတွေ၊ တရားရင်ဆိုင်နေရတဲ့ အခြေအနေမှ အမှုပိတ်သိမ်းပေးခြင်းခံရသူတွေတော့ နားလည်တန်ကောင်းပါရဲ့။
ဒီအထဲမှာလည်း တပ်မတော်အပေါ် အမုန်းတရားကြီးသူတွေ၊ အခွင့်သာသည်နှင့် အောက်လုံးထိုးမယ့်သူတွေလည်း ပါကောင်းပါနိုင်ပါတယ်။ မည်သို့ပင်ဆိုစေ တပ်မတော်ဦးဆောင်တဲ့ အစိုးရသည် ပြည်ဖျက်ပါတီ NLD အစိုးရလို ပြည်သူများအပေါ် ကျောသားရင်သားခွဲခြားမှု မရှိတာတော့ ကောင်းမွန်တဲ့ ဆောင်ရွက်ချက်ဖြစ်ပါတယ်။ ပြည်ဖျက်ပါတီ NLD အစိုးရလက်ထက်မှာ ဆိုရင် ကြီးလေးတဲ့ ပြစ်မှုတွေ ကျူးလွန်ထားတဲ့ NLD ပါတီဝင်၊ NLD ဝန်းရံသူတွေကို သီးသန့် လွတ်ငြိမ်းပေးတာမျိုး ရှိပါတယ်။ NLD ပါတီကို ဝေဖန်ထောက်ပြသူတွေကိုတော့ လွတ်ငြိမ်းစာရင်းထဲ ပါမလာအောင်ကို စနစ်တကျ ချုပ်နှောင်ထားတာမျိုး ဖြစ်ပါတယ်။ ပြည်ဖျက်ပါတီ NLD ဆိုတာကလည်း စစ်တပ်ထဲမှာ စည်းမျည်းစည်းကမ်းနဲ့အညီ မနေနိုင်ဘဲ ထွက်လာတဲ့ ဗရမ်းဗတာ စစ်ထွက်တွေနဲ့ ပေါင်းစည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ စစ်ထွက်တွေပါဝင်တဲ့ အရပ်ဘက်အဖွဲ့အစည်းဖြစ်သော်လည်း အာဏာရှင်ပိုဆန်တယ်လို့ ဆိုနိုင်ပါတယ်။ စာရေးသူ ကိုယ်တွေ့ပါ။
နိုင်ငံတော်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ပေးလို့ နီပိန်းကြီးငယ်အသွယ်သွယ် ထောင်ကထွက်လာချိန်မှာ MPA ဆိုတဲ့ သတင်းဌာန က "စစ်တပ်ကို ယုံသူတွေ စုံလုံးကန်းနိုင်တဲ့အရေး ရှေ့နေတွေ သတိပေး" ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ရုပ်သံထုတ်လွှင့်ထားတာကို တွေ့ရပါတယ်။ သူတို့ရဲ့ သတင်းတင်ပြပုံက အမည်မဖော်လိုတဲ့ ရှေ့နေ၊ အမည်မဖော်လိုတဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောတာကို သတင်းလုပ်ထားတဲ့ ပုံစံမျိုးပါ။ တင်ပြပုံကို ကြည့်လိုက်ပြန်တော့လည်း လွတ်ငြိမ်းနဲ့ ထွက်လာပြီး စစ်တပ်ကို ယုံစားကာ အိမ်ပြန်သူတွေ စစ်မှုထမ်းရလိမ့်မယ်လို့ ခြောက်လှန့်ထားတဲ့ ပုံစံမျိုးဖြစ်နေပါတယ်။ သဘောကတော့ နိုင်ငံတော်က ပေးတဲ့အခွင့်အရေးကိုသာ လိုချင်တာပါ။ နိုင်ငံတော်အတွက် တစ်ထောင့်တစ်နေရာက အထောက်အကူပြုအောင် လုပ်ကြမှာကိုတော့ မလိုလားတဲ့ ပုံစံမျိုး တင်ပြထားပါတယ်။ အိမ်ပြန်ရင် စစ်မှုထမ်းရမယ်လို့ ခြောက်လှန့်ပြီး PDF အဖွဲ့ထဲကိုပဲ သွားစေချင်တဲ့ သဘောမျိုးပေါ့ဗျာ။
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာ ဝါ၊ စိမ်း၊ နီ၊ ပြာ ခွဲခြားမထားပါဘူး။ နိုင်ငံတော်အတွက် အရွယ်ရောက်ပြီးသော နိုင်ငံသားအားလုံး တာဝန်ထမ်းဆောင်ရန် တာဝန်ရှိသည့်အလျှောက် ဥပဒေအရ ဆင့်ခေါ်တဲ့အချိန်မှာ တာဝန်ထမ်းဆောင်ကြဖို့ပဲ ဖြစ်ပါတယ်။ အထူးအားဖြင့် အကြမ်းဖက်လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ နီပိန်းတွေ အနေနဲ့ စစ်မှုထမ်းဆောင်ကြည့်မယ်ဆိုရင် မိမိတို့ ပါဝင်ခဲ့တဲ့ PDF အဖွဲ့နဲ့ စည်းစနစ်တကျဖွဲ့စည်းထားတဲ့ တပ်မတော်ရဲ့ သဘောသဘာဝ ကွဲပြားခြားမှုတွေကိုပါ သိမြင်နိုင်ပါတယ်။ ဥပဒေမဲ့ ရပ်တည်ပြီး တိုင်းဖျက် ပြည်ဖျက် လုပ်တဲ့ အဖွဲ့အစည်းတွေနဲ့ တပ်မတော်ရဲ့ စည်းကမ်းကျနမှုကို ပိုမိုသိရှိ နားလည်ချင်တယ်ဆိုရင်တော့ စစ်မှုထမ်းခြင်းဟာ မမှားပါဘူး။
အဓိက ပြောလိုခြင်းကတော့ ပြည်ဖျက်မီဒီယာတွေသည် တပ်မတော်နဲ့ ပြည်သူ ပူးပေါင်းမှာကို အလွန်အမင်း ကြောက်ရွံ့နေကြပါတယ်။ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ အလိုကျ ပြည်ဖျက်လုပ်ငန်းစဉ်ထဲမှာပဲ လူငယ်တွေကို အသုံးချချင်နေကြတယ်။ နိုင်ငံတော်က လွတ်ငြိမ်းချမ်းသာခွင့်ပေးလို့ လွတ်မြောက်လာသည့် လူငယ်များအနေနဲ့တော့ သတိကြီးစွာထားပြီး စဉ်းစားကြဖို့ လိုတာပေါ့။ ပြည်ပြေး ဝရမ်းပြေးတွေနဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ လုပ်ကြံဖန်တီး ဝါဒဖြန့် သွေးထိုးလှုံ့ဆော်မှုတွေကို နားယောင်ခဲ့ခြင်းကြောင့် အတိဒုက္ခရောက်ခဲ့ရတဲ့ အခြေအနေတွေကိုလည်း သိမြင်ခဲ့ကြပြီးပြီပဲ။
နိုင်ငံတော်အစိုးရရဲ့ မေတ္တာက ကြီးမားလွန်းလှပါတယ်။ အထူးအားဖြင့် အကြမ်းဖက်လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ လူငယ်လူရွယ်တွေအပေါ် နိုင်ငံတော်အစိုးရက ပိုပြီး မေတ္တာထားတာကို တွေ့ရပါလိမ့်မယ်။ နိုင်ငံတော်အစိုးရက မေတ္တာကြီးမားသလို နိုင်ငံတော်ကို တစ်ထောင့်တစ်နေရာကနေ ပြန်လည်အကျိုးပြုမယ်ဆိုတဲ့ အတွေးကောင်းလေးတွေ ဖြစ်သင့်တာပေါ့။ အဲဒီလို နားမလည်ဘဲနဲ့ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ စကားတွေကိုသာ နားယောင်ပြီး မိုက်မှားကြအုံးမယ်ဆိုရင်တော့ မေတ္တာစူးပြီး ရူးကြပါလိမ့်မယ်။
နောင်တော်လေး (ဘိုကလေး)
#News

No comments:
Post a Comment