မတ် - ၂၂ ( တနင်္ဂနွေနေ့ )
ဆော်ဒီအာရေဗျက ၎င်းရဲ့ ပိုင်နက်အတွင်း အီရန်ရဲ့တိုက်ခိုက်မှုကို ကိုးကားပြီး အီရန်သံတမန်အများအပြားကို နှင်ထုတ်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့သော အမေရိကန်-အစ္စရေး ဗုံးကြဲတိုက်ခိုက်မှုအတွက် အီရန်ရဲ့ လက်တုံ့ပြန်မှုကို ဆော်ဒီအပါအဝင် အာရပ်နှင့် မွတ်ဆလင်နိုင်ငံ ၁၂ နိုင်ငံက ရှုတ်ချခဲ့ပြီးနောက် ယခုကဲ့သို့ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
စနေနေ့တွင်၊ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနက ဆော်ဒီအာရေးဗီးယားနှင့် အခြားပင်လယ်ကွေ့နိုင်ငံများကို ပစ်မှတ်ထားတဲ့ အီရန်ရဲ့ ပြောင်ပြောင်တင်းတင်းနှင့် ထပ်ခါတလဲလဲ တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး တီဟီရန်သည် နိုင်ငံတကာဥပဒေနှင့် “အိမ်နီးချင်းကောင်းမူများ” ကို ချိုးဖောက်တယ်လို့ စွပ်စွဲခဲ့ပါတယ်။
"ဆော်ဒီအာရေဗျသည် အီရန်စစ်သံမှူး၊ လက်ထောက်စစ်သံမှူးနှင့် အခြားသံရုံးဝန်ထမ်း သုံးဦးအား ၂၄ နာရီအတွင်း နိုင်ငံတွင်းမှ ထွက်ခွာရန် ဆော်ဒီအာရေဗျက တရားဝင် အကြောင်းကြားခဲ့တယ်"လို့ ဆော်ဒီဂေဇတ် ကဖော်ပြခဲ့ပါတယ်။
“နိုင်ငံတော်သည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ အပိုဒ် ၅၁ အရ ၎င်း၏ အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ နယ်မြေ၊ လေပိုင်နက်၊ နိုင်ငံသား၊ နေထိုင်သူများနှင့် အမျိုးသား အကျိုးစီးပွားကို ကာကွယ်ရန် လိုအပ်သည့် အစီအမံများအားလုံးကို ဆောင်ရွက်သွားမည်” လို့ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့အရေးအပါဆုံး ဓာတ်ငွေ့ထုတ်လုပ်ရေးနှင့် တင်ပို့ရေးစင်တာများထဲမှ တစ်ခုဖြစ်သည့် ရာစ်လက်ဖန် စက်မှုမြို့တော်က သဘာဝဓာတ်ငွေ့ရည် စက်ရုံကို တိုက်ခိုက်မှုအပေါ် တုံ့ပြန်သည့်အနေဖြင့် အီရန် သံတမန်များကို ကာတာမှ နှင်ထုတ်ခဲ့သလိုမျိုး ဆော်ဒီက အလားတူ ကြေညာချက် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment