ပေါင်၊ မတ် ၂၉
သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ပါဠိပထမပြန် စာမေးပွဲကို ယနေ့ နေ့လယ်ပိုင်းက ကဒါရပ်ကွက်သာသနာ့ဗိမာန်တော်ကြီးအတွင်း၌ စတင်ဖြေဆို ခဲ့သည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော်က စာဖြေသံဃာတော်များ လိုက်နာရမည့် စည်းကမ်းချက်များကို လျှောက်ထားခဲ့သည်။အဆိုပါ ပါဠိပထမပြန် စာမေးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးထင်လင်းအောင်၏ ဦးဆောင်မှုဖြင့်
မြို့နယ် သာသနာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်ကြက်ခြေနီအဖွဲ့နှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့မှ စာဖြေသံဃာတော်များအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက် မှုများကို ဆောင်ရွက်ပေးခဲ့ကြသည်။
ယနေ့စတင်ဖြေဆိုသည့် ပါဠိပထမပြန်စာမေးပွဲသို့ ပထမနေ့အဖြစ် စာရင်းရှိ (၃၂၉)ပါးရှိသည့်အနက် (၂၈၀)ပါးဝင်ရောက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။
မွန်မလေး
#MNP #News






No comments:
Post a Comment