ချမ်းမြသာစည်၊ မတ် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီး ဌာနက ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ်လ ၂၉ ရက် နေ့လယ် ၁၂ နာရီက ချမ်းမြသာစည်မြို့နယ် အမှတ် (၃၄) အခြေခံပညာအထက်တန်းကျောင်းတွင် စတင်ဖြေဆိုလျက်ရှိသည်။
အဆိုပါ စာမေးပွဲတွင် ပါဠိပထမပြန်အကြီးတန်း ဖြေဆိုသံဃာ (၄၉) ပါး၊ ပါဠိပထမပြန်အလတ်တန်း ဖြေဆိုသံဃာ (၇၂) ပါးနှင့် လူပုဂ္ဂိုလ်အမျိုးသမီး (၁) ဦး၊ ပါဠိပထမပြန်အငယ်တန်း ဖြေဆိုသံဃာ (၁၄၅) ပါး၊ ပါဠိပထမပြန်အခြေပြုမူလတန်း ဖြေဆိုသံဃာ (၁၉၄) ပါး စုစုပေါင်းစာရင်းရှိ (၅၇၁) ပါးရှိပြီး (၁၁၀) ပါး ဖြေဆိုရန် ပျက်ကွက်ခဲ့သည်။
အစိုးရပါဠိ ပထမပြန် စာမေးပွဲကျင်းပရာသို့ မြို့နယ်သံဃနာယက ဆရာတော်ကြီးများ၊ သြဝါဒစရိယ ဆရာတော်များ၊ မြို့နယ်စာမေးပွဲကြီးကြပ်ရေးဆရာတော်များနှင့် အဖွဲ့ဝင်များမှ ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများက စာဖြေသံဃာတော်များ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ပါဋိပထမပြန်စာမေးပွဲတွင် ကြီးကြပ်သည့် ဆရာတော်ကြီးများနှင့် စာဖြေသံဃာတော်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်ဆွေဝင်းနှင့် အဖွဲ့ဝင်များ ပူးပေါင်း၍ နေ့ဆွမ်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။
အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲအား မတ်လ (၂၉) ရက်နေ့မှ ဧပြီလ (၄) ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အလင်းသစ်
#MNP #News

No comments:
Post a Comment