ဘုတ်ပြင်းမြို့၌ နိုင်ငံတော်မှချီးမြှင့်သော သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ဖြစ်သည့် သာသနဓ ဇဓမ္မာစရိယဘွဲ့တံဆိပ်တော်ရ ဆရာတော်အား ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘုတ်ပြင်းမြို့၌ နိုင်ငံတော်မှချီးမြှင့်သော သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ဖြစ်သည့် သာသနဓ ဇဓမ္မာစရိယဘွဲ့တံဆိပ်တော်ရ ဆရာတော်အား ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာအခမ်းအနားကျင်းပ








ဘုတ်ပြင်း၊ မတ် ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် နိုင်ငံတော်မှချီးမြှင့်သည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် သာသနဓဇဓမ္မစရိယဘွဲ့တံဆိပ်တော်ရ ဆရာတော် အရှင်ဓမ္မ ဉာဏအား ဂုဏဝိသိဋ္ဌပူဇာ သဘင်အခမ်းအနားကို ယနေ့နံနက်က ကမာချောင်းကျေးရွာအုပ်စု၊ အေးချမ်းမြိုင်(၂)ကျေးရွာ အောင်သုခကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဂုဏဝိသိဋ္ဌပူဇာ သဘင်အခမ်းအနားကို ဧည့်ပရိသတ်တို့က နမောတဿအစချီသော ဗုဒ္ဓပဏာမဖြင့် သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ဆရာတော်ကြီးများနှင့် သာသနဓဇဓမ္မစရိယဘွဲ့ရ အရှင်ဓမ္မ ဉာဏအား အခမ်းအနားသို့ ပလ္လင်ပင်တေးဖြင့် မစိုးယုခိုင်မှ ပင့်ဆိုကြသည်။  ဧည့်ပရိသတ်များက မြိတ်မြို့ ကန်သာပရိယတ္တိစာသင်တိုက် ဆရာတော် ဘန္ဒန္တ ကောဏ္ဍည / အဂ္ဂမဟာပဏ္ဍိတ ထံမှ ရှစ်ပါးသီလခံယူ၍  ဩဝါဒကထာနာကြားသည်။

သာသနဓဇဓမ္မစရိယဘွဲ့ရ အရှင်ဓမ္မ ဉာဏ၏ ထေရုပ္ပတ္တိကထာအကျဉ်းကို အေးချမ်းမြိုင်(၂)ကျေးရွာမှ ဦးကျော်သူရ ကဖတ်ကြားသည်။ ယင်းနောက် မစိုးစန္ဒာမှ ဘွဲ့ရဆရာတော်အား သုံးချက်ညီစင်္ကြာ မင်္ဂလာရတုဖြင့် ရွတ်ဆိုပူဇော်ခြင်း၊ ဝတ်ရွတ်ဆိုအသင်းမှ ထေရုပ္ပတ္တိရှစ်လုံးဘွဲ့ကဗျာများဖြင့် ရွတ်ဆိုပူဇော်ကြသည်။ ဆက်လက်၍ ဘုတ်ပြင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကိုက သာသနာရေးဆိုင်ရာများကို လျှောက်ထား၍ အောင်သုခကျောင်းဆရာတော်ထံ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဘုတ်ပြင်းမြို့ အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှူး ဌာနချုပ်မှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးဝင်းထွဋ် တို့က သာသနဓဇဓမ္မစရိယဘွဲ့ လက်မှတ်နှင့်အဆောင်အရောင်တို့ကို ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များကို လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် လှူဒါန်းမှုအစုစုတို့အတွက် ကျွန်းစုမြို့နယ် စခန်းသစ်ကျေးရွာ စိန္တာရာမ ကျောင်းဆရာတော် ဘန္ဒန္တ မာနိတထံမှ အနုမောဒနာတရားနားယူ၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး အလှူရှင်များက ရတနာရွှေမိုးငွေမိုး ရွာသွန်းခဲ့သည်။

အရှင်ဓမ္မ ဉာဏ သက်တော်(၃၉)နှစ်၊ ဝါတော်(၁၉)ဝါသည် နိုင်ငံတော်အစိုးရမှ ကျင်းပသော ပထမမြန်မာ စာမေးပွဲ၌ အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ပထမကြီးတန်းတို့ကို နှစ်ချင်းပေါက်အောင်မြင်ခဲ့ပြီး ၁၃၇၅ ခုနှစ်၊ မန္တလေးမြို့ မအူပင်ကျောင်းတိုက်၌ ပါရာဇိကဏ်ကျမ်းကို လည်းကောင်း၊ ၁၃၇၉ ခုနှစ်၊ မန္တလေးမြို့ မစိုးရိမ်တိုက်၊ အာဂမနယူ ပဒေသာကျောင်း၌ သီလက္ခန်ကျမ်းကိုလည်းကောင်း၊ ၁၃၈၆ ခုနှစ်၊ ဘုတ်ပြင်းမြို့ အေးချမ်းမြိုင်(၂)ကျေးရွာ အောင်သုခကျောင်း၌ ဓမ္မသင်္ဂဏီကျမ်းတို့ကိုလည်းကောင်း ဖြေဆိုအောင်မြင်တော်မူ၍ ယခု နိုင်ငံတော်အစိုးရမှ ဆက်ကပ်အပ်သော သာသနာဓဇဓမ္မစရိယဘွဲ့တံဆိပ်တော်ကို ရရှိတော်မူခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)