အမရပူရမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

အမရပူရမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို


အမရပူရ၊ မတ် ၂၉

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပသည့် ၂ဝ၂၆ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို မတ် ၂၉ ရက် နေ့လယ် ၁၂ နာရီက အမရပူရမြို့၊ လေးစုရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ အစိုးရပာဠိပထမပြန်စာမေးပွဲတွင် ပထမကြီးစာရင်းရှိ ရဟန် ၁၇၂ ပါးနှင့် သီလရှင် ၅ ပါး စုစုပေါင်း ၁၇၇ ပါး၊ ပထမလတ် စာရင်းရှိ ရဟန်း ၂၂၀ ပါး၊ သီလရှင် ၁၄ ပါး စုစုပေါင်း ၂၃၄ ပါး၊ ပထမငယ် စာရင်းရှိ ရဟန်း ၂၇၆ ပါးနှင့် သီလရှင် ၁၀ ပါး၊ စုစုပေါင်း ၂၈၆ ပါး၊ အခြေပြုမူလတန်းစာရင်းရှိ ရဟန်း ၂၈၁ ပါးနှင့်သီလရှင် ၁၄ ပါး စုစုပေါင်း ၂၉၅ ပါးတို့ရှိပြီး ယနေ့တွင် ပထမကြီးတန်း၌ ရဟန်း ၄၀ ပါး၊ပထမလတ်တန်းတွင် ရဟန်း ၆၃ ပါးနှင့်သီလရှင် ၃ ပါးစုစုပေါင်း ၆၃ ပါး၊ ပထမငယ်တန်းတွင် ရဟန်း ၇၄ ပါးနှင့် အခြေပြုမူလတန်းတွင် ရဟန်း ၉၂ ပါးနှင့်သီလရှင် ၁၂ ပါး စုစုပေါင်း ၁၀၂ ပါး ပျက်ကွက်ခဲ့ကြပြီး အဆိုပါစာမေးပွဲကို မတ်၂၆ ရက်မှ ဧပြီ ၄ ရက် နေ့အထိဖြေဆိုမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲကို ရဟန်း၊ သာမဏေနှင့်သီလရှင်များ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ စာမေးပွဲကြီးကြပ်ဆရာတော်ကြီးများမှ အနီးကပ်ကြီးကြပ်၍ အမရပူရခရိုင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ဦးနှင့် ကော်မတီဝင်များက အနီးကပ်ကြီးကြပ်စောင့်ရှောက်လျက်ရှိကြောင်း သိရသည်။


စိုးသီဟ(အမရ)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)