ပြည်ကြီးတံခွန်မြို့နယ် (ည)ရပ်ကွက်၌ လျှပ်စစ်ပန်ကာဖွင့်ထားခဲ့ရာမှ ရှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွား - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ကြီးတံခွန်မြို့နယ် (ည)ရပ်ကွက်၌ လျှပ်စစ်ပန်ကာဖွင့်ထားခဲ့ရာမှ ရှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွား



ပြည်ကြီးတံခွန်   ၊  မတ် ၂၂

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် ၁၄၀ B လမ်း၊ ၆၅ × ၆၆ လမ်းကြား၊ (ည)ရပ်ကွက်၌ ယမန်နေ့ညနေ ၄ နာရီ ၃၉ မိနစ်က ဒေါ်ဇင်မာဦးပိုင်ဆိုင်သည့် ၂၀’×၄၀’ သွပ်မိုး၊ ကျောက်ပြားကာ (၁)ထပ် လူနေအဆောက်အဦတွင် လျှပ်စစ်ပန်ကာ ဖွင့်ထားခဲ့ရာမှ ရှော့ဖြစ်၍ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ရာ ၂၀’×၄၀’ သွပ်မိုး၊ ကျောက်ပြားကာ (၁) ထပ် အဆောက်အဦနှင့် အတွင်းပစ္စည်းများ ဆုံးရှုံးခဲ့သည်။အဆိုပါ မီးစတင်လောင်ကျွမ်းရာနေရာသို့ ပြည်ကြီးတံခွန်မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် ၃ စီး၊ (ဈ)အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ လောကပါလအရန် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ လောကပါလအရန်မီးသတ်စခန်းမှ ရေသယ်ယာဉ် ၂ စီး၊ ယာတော်မီးသတ်စခန်း မှ ရေသယ်ယာဉ် ၁ စီး၊ ဓမ္မိကလူမှုကူညီ ရေးအသင်းမှ ရေသယ်ယာဉ် ၁ စီး စုစုပေါင်း မီးငြှိမ်းသတ်ယာဉ် ၅ စီး၊ ရေသယ်ယာဉ် ၄ စီး၊ သန္ဓတပ်ဖွဲ့ဝင် ၂၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၄ နာရီ ၅၁ မိနစ်တွင် မီးထိန်းခဲ့ပြီး ၄နာရီ ၅၃မိနစ်တွင် မီးလုံးဝ ငြှိမ်းသွားခဲ့သည်။

ယင်းမီးလောင်မှု ဖြစ်ပွားမှုကြောင့် ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုနယ်မြေရဲစခန်းမှတာဝန်ရှိသူအား အရေးယူထားကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ဇင်မင်းမောင်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)