ငါးသိုင်းချောင်းမြို့တွင် အသက် (၇၀) နှင့် အထက် အဘိုးအဘွားများအား ကျန်းမာရေးအခမဲ့စောင့်ရှောက်ခြင်းလုပ်ငန်း ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ငါးသိုင်းချောင်းမြို့တွင် အသက် (၇၀) နှင့် အထက် အဘိုးအဘွားများအား ကျန်းမာရေးအခမဲ့စောင့်ရှောက်ခြင်းလုပ်ငန်း ဆောင်ရွက်




ငါးသိုင်းချောင်း၊ မတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့် ရှောက်ရေးဌာနတွင် အသက် (၇၀) နှင့်အထက် ဘိုးဘွားများအားကျန်းမာရေး အခမဲ့စောင့်ရှောက်ခြင်းကို ယနေ့နံနက် ၈ နာရီ အချိန်ကစတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်၏ဦးဆောင်မှုဖြင့် မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့ဆရာဝန်ဒေါက်တာဦးသန့်ဇော်ထွန်း နှင့်ကျန်းမာရေး ဝန်ထမ်းများက အဘိုးအဘွားများအား သွေးပေါင်ချိန်ခြင်း၊ ဆေးပေးခြင်း၊ ဆေးထိုးခြင်းစသည့် လုပ်ငန်းများဆောင်ရွက်ခဲ့ကြပြီး မြို့မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်နှင်းဝေလွင်နှင့် အလှူရှင်များမှ အလှူငွေများနှင့်အာဟာရများ ကျွေးမွေးလှူဒါန်းခဲ့ကြသည်။

ငါးသိုင်းချောင်းမြို့တွင် အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ အသက် (၇၀) နှစ်နှင့်အထက် အဘိုးအဘွားများအား ကျန်းမာရေးအခမဲ့ပြုစုစောင့်ရှောက်ပေးလျက်ရှိပြီး ယနေ့တွင်အဘိုးအဘွား (၁၃၀) ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးလာခဲ့ရာ ယခုဆိုလျင် (၁၃၃) ကြိမ်မြောက် ရှိပြီဖြစ်ကြောင်းသိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)