တမူးမြို့တွင် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (မြို့ပေါ်လုံခြုံရေး) အဖွဲ့ဝင်များအားထောက်ပံ့ငွေများ ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တမူးမြို့တွင် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (မြို့ပေါ်လုံခြုံရေး) အဖွဲ့ဝင်များအားထောက်ပံ့ငွေများ ပေးအပ်



တမူး၊ မတ် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (မြို့ပေါ်လုံခြုံရေး) အဖွဲ့ဝင်များအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နေ့တွက်စာရိတ်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို မတ်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီက မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တမူးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ‌ဦးအောင်ကျော်မိုး ကအမှာစကားပြောကြားပြီး မြို့မရပ်ကွက် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေး (မြို့ပေါ်လုံခြုံရေး) အဖွဲ့ဝင် (၅၀)ဦးတို့၏ ၂/၂၀၂၆ လအတွက် ထောက်ပံ့ပေးအပ်ငွေ (၁၀,၉၂၀,၀၀၀) ကျပ်အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဌ ဦးအောင်ကျော်မိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင် (၁) ဗိုလ်မှူးမျိုးမင်းအောင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သူတို့က ထောက်ပံ့ပေးအပ်ခဲ့ကြပြီး အဖွဲ့ဝင်များ၏ လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


ရတနာ

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)