မတ် - ၁၈ ( ဗုဒ္ဓဟူးနေ့ )
နေဝင်သွားပြီဆိုတာနဲ့ ကမ္ဘာတစ်ခြမ်းက မှောင်သွားပါတယ်။ အာကာသထဲမှာ မှောင်နေတဲ့ အခြမ်းကို နေရောင်ပေးဖို့အတွက် အာကာသထဲမှာကိုပတ်နေတဲ့ ဂြိုလ်တုတွေမှာ မှန်ချပ်တွေကို တပ်ဆင်ပေးလိုက်ရင် မှောင်နေတဲ့ကမ္ဘာဘက်ခြမ်းကို အလင်းပေးလို့ရနေပါပြီ ဆိုတဲ့ နည်ပညာကို လက်တွေ့အကောင်အထည်ဖော်ဖို့ ကုမ္ပဏီတစ်ခုက လုပ်နေပါတယ်။
ဆိုရှယ်မီဒီယာတွေမှာ ပျံနှံ့နေတဲ့ ဗီဒီယို တစ်ခုမှာ ဇာတ်လမ်းပြောသူက "ဒီကုမ္ပဏီက အာကာသထဲမှာ မှန်တွေတပ်ပြီး နေရောင်ကို ရောင်းဖို့ လုပ်နေတာပါ” လို့ ဆိုပါတယ်။ ဗီဒီယိုတွင် ဖော်ပြထားတဲ့ ကုမ္ပဏီက အထူးဒီဇိုင်းထုတ်ထားသော ဂြိုလ်တုများကို အသုံးပြုပြီး အာကာသမှနေရောင်ခြည်ကို ရောင်ပြန်ဟပ်စေကာ နေရောင်ကိုရောင်းမှာပါ။ အဲ့ဒိကုမ္ပဏီက ကယ်လီဖိုးနီးယားအခြေစိုက် Reflect Orbital ကုမ္ပဏီဖြစ်ပါတယ်။
ကုမ္ပဏ်ရဲ့ လုပ်ငန်းစဉ်က အနာဂတ်ကမ္ဘာရဲ့ သဘောတရားဖြစ်နေပေမဲ့ အလွန်ရိုးစင်းလွန်ပါတယ်။ Reflect Orbital က ကမ္ဘာမြေပြင်အထက် ကီလိုမီတာ ၆၀၀ မှ ၆၂၅ ကီလိုမီတာအကွာမှာ တစ်ချိန်လုံးနေရောင်ရနေတဲ့ နေရာကနေ နေရောင်ခြည်ကို ရောင်ပြန်ဟပ်စေမှာပါ။ အလျား ၁၀ မီတာကနေ ၅၄ မီတာရှိတဲ့ မှန်ချပ်တွေကို ဂြိုလ်တုတစ်ခုစီမှာ တပ်ဆင်ထားမှာပါ။ မှန်တွေမှာ မော်တာ နဲ့ ပရိုဂရမ် တပ်ထားပြီး အဲ့ဒါက နေရောင်ခြည်ကို ကမ္ဘာပေါ်ရှိ ရွေးချယ်ထားသော နေရာဆီသို့ လမ်းကြောင်းပြောင်းနိုင်စေမှာဖြစ်ပါတယ်။
လူတွေက အပလီကေးရှင်းကဖြစ်ဖြစ် ဝက်ဘ်ဆိုက်က ဖြစ်ဖြစ် နေရောင်ခြည်ကို တောင်းဆိုနိုင်ပါတယ်။ တောင်းဆိုချက်ကို လက်ခံရရှိပြီးနောက်၊ ဂြိုလ်တုက ၎င်းရဲ့ကြေးမုံပြင်ကို ချိန်ညှိပြီး ရွေးချယ်ထားတဲ့ GPS တည်နေရာဆီသို့ နေရောင်ခြည်ကို ရောင်ပြန်ဟပ်စေမှာပဲ ဖြစ်ပါတယ်။
ပြဿနာက တစ်ခါတောင်း ရင် ၄မိနစ်စာလောက်ပဲ ရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ပတ်လမ်းနိမ့်ဂြိုလ်တုတွေက ရွှေ့လျားမှု မြန်နေလို့ပါပဲ။ ဂြိုလ်တုမှန်တွေကနေ ထုတ်လွှတ်တဲ့ အလင်းရောင်က ကမ္ဘာမြေပေါ်မှာ ၃ မိုင် ကနေ ၅ မိုင်ကျယ်တဲ့ အလင်းရောင်ကွင်းတစ်ခုနဲ့ ပေါ်လာမှာပါ။ အလင်းရောင်တောက်ပမှုက ၀.၈ ကနေ ၂.၃ lux အထိ ရှိနိုင်လို့ အခြေအနေကောင်းရင် လရောင်ထက် ၄ ဆ လောက်ပိုလင်းနိုင်ပါတယ်။
ဂြိုလ်တုတွေက ပတ်လမ်းကြောင်းအတွင်း လျင်မြန်စွာ ရွေ့လျားနေတာမို့လို့ တစ်နေရာတည်းတွင် အဆက်မပြတ် အလင်းရရှိဖို့ကတော့ ဂြိုဟ်တုအမြောက်အများအတူတကွ လုပ်ဆောင်ပြီး တစ်လုံးပြီးတစ်လုံး အလင်းထုတ်ဖို့ လိုအပ်ပါတယ်။
ကုမ္ပဏီရဲ့ပြောခွင့်ရသူရဲ့ စကားအရ ညဖက် နေရောင်လိုချင်ရင် တစ်နာရီ ဒေါ်လာ ၅ ထောင်လောက်ကျမှာဖြစ်ပြီး ဖောက်သည်က တစ်နှစ်ကို နာရီ ၁၀၀၀ သုံးဖို့ လက်မှတ်ထိုးပေးရမယ်လို့ သိရပါတယ်။ ကုမ္ပဏီရဲ့ စီမံကိန်း အရ နေရောင်ခြည်ပို့တဲ့ ဂြိုလ်တုတွေကို ၂၀၂၈ မှာ အာကာသထဲကို အစင်းရေ ၁၀၀၀ လွှတ်တင်ထားမှာဖြစ်ပြီး ၂၀၃၀ မှာ အစင်းရေ ၅၀၀၀ ပို့မယ်လို့လည်း ၎င်းက ဆိုပါတယ်။
REF: News 18
#MNP #News



No comments:
Post a Comment