မတ် - ၁၇ ( ဗုဒ္ဓဟူးနေ့ )
ပီရူးနယ်စပ်အနီး အီကွေဒေါနိုင်ငံတောင်ပိုင်းက ဂေဟစနစ်ထိန်းသိမ်းရာ နေရာတစ်ခုဖြစ်တဲ့ ပိုဒိုကားပက်စ် အမျိုးသားဥယျာဉ်အတွင်းမှာ တရားမ၀င် တူးဖော်ရေးလုပ်နေတဲ့ ရွှေတွင်း ၁၂၉ ခုကို အီကွေဒေါတပ်ဖွဲ့များက ကိုးရက်ကြာ စစ်ဆင်ရေးအပြီး ဖျက်ဆီးနိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ပါတယ်။
ပိုဒိုကားပက်စ် စစ်ဆင်ရေး လို့ခေါ်တဲ့ အဆိုပါ ထိုးစစ်က တရားမဝင် ရွှေထုတ်ယူမှုလုပ်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေ သိမ်းပိုက်ထားသော အမျိုးသားဥယျာဉ်ကို ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းခဲ့တာပဲဖြစ်ပါတယ်။
စစ်ဆင်ရေးအတွင်း တပ်ဖွဲ့ဝင်များသည် ရွှေတွင်း ၉၄ ခုနှင့် ကြိတ်ခွဲစက် ၅၆ လုံးကို ဖျက်ဆီးခဲ့ပြီး ဖောက်ခွဲရေးပစ္စည်းများ၊ ခဲယမ်းများ၊ ဆက်သွယ်ရေးရေဒီယိုများ၊ ဂြိုလ်တုအင်တာနာများ၊ မီးစက်များနဲ့ တရားမဝင်လုပ်ဆောင်မှုတွင် အသုံးပြုသည့် အခြားပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပါတယ်။
"ပိုဒိုကားပက်စ် စစ်ဆင်ရေးကြောင့် ရာဇ၀တ်ဂိုဏ်းတွေနဲ့ သူတို့ရဲ့ ထောက်ပံ့ပို့ဆောင်ရေးစွမ်းရည်ကို အားနည်းသွားစေခဲ့ပါတယ်” လို့ အီကွေဒေါစစ်တပ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ စစ်တပ်က မြေပြင်စစ်ဆင်ရေးနဲ့ တရားမဝင် အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေကြောင့် အမျိုးသားဥယျာဉ်ရဲ့နယ်မြေ ၃၂၁ ဧက လောက်ကို ထိခိုက်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ပိုဒိုကားပက်စ် အမျိုးသားဥယျာဉ်သည် အင်ဒိစ်တောင်တန်း နှင့် အမေဇုံသစ်တော တစ်လျှောက် ဧက ၃၆၀,၇၇၀ ကျော် ကျယ်ဝန်းပြီး အပင်နှင့် တိရစ္ဆာန်မျိုးစိတ် ထောင်ပေါင်းများစွာရှိသည့် ၎င်း၏ဇီဝမျိုးကွဲများအတွက် လူသိများပါတယ်။
REF: UPI
#MNP #News


No comments:
Post a Comment