မတ် - ၂၄ ( အင်္ဂါနေ့ )
အီရန်နှင့် သံတမန်ရေးအရ ဆွေးနွေးမှု ကောင်းမွန်ပါက ဟော်မုဇ်ရေလက်ကြားသည် မကြာမီ ဖွင့်လှစ်ပေး နိုင်တော့မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သတင်းထောက်များအား ပြောကြားခဲ့ပေမဲ့ အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ အမေရိကန် သမ္မတ၏ ပြောကြားချက်ကို ပြတ်ပြတ်သားသား ငြင်းဆိုထားပြီး မည်သည့် ဆွေးနွေးပွဲမဆို တိုက်ရိုက်ဖြစ်စေ၊ ကြားခံအားဖြင့် ဖြစ်စေ မလုပ်ဘူးလို့ ငြင်းဆိုထားပါတယ်။
ထရမ့်က အီရန်၏ စွမ်းအင်စက်ရုံများကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ အမေရိကန်၏ တိုက်ခိုက်မှုများကို အနည်းဆုံး ငါးရက်ကြာအောင် ရပ်ဆိုင်းထားကြောင်း ပြောထားပေမဲ့ အစ်ဖာဟန် ရှိ ဓာတ်ငွေ့ဖိအား ထိန်းညှိရေးစခန်း နဲ့ ကိုရန်ရှာဟာရာဓာတ်အားပေးစက်ရုံတွေကို အမေရိကန်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့လို့ ဓာတ်ငွေ့ပိုက်လိုင်းနှစ်ခုလုံး ပျက်စီးခဲ့ကြောင်း မနေ့က အီရန်ဘက်က ထုတ်ဖော်ပြောခဲ့ပါတယ်။
ထရမ့်က အီရန်ရဲ့ဓာတ်အားပေးစက်ရုံတွေကို ၄၈ နာရီအတွင်းတိုက်ခိုက်မယ်လို့ ပြောစကားကို ပြန်လည်ရုပ်သိမ်း ပြီးနောက် ရေနံစိမ်းဈေးက ၁၃ % ကျော် ပြန်ကျသွားပါတယ်။ ဘန့် ရေနံစိမ်း ဈေးက ဒီနေ့မနက်မှာ တစ်စည်ကို ကန်ဒေါ်လာ ၁၀၀ နဲ့ ဈေးဖွင့်ခဲ့ပါတယ်။ စစ်မဖြစ်ခင်က တစ်စည်ကို ဒေါ်လာ ၉၀ ပဲရှိခဲ့ရာ ဈေးမြင့်နေဆဲဖြစ်ပါတယ်။
အပစ်ရပ်ရေးအတွက် အမေရိကန်က ဆွေးနွေးမှုများ လုပ်မယ်လို့ ပြောနေပေမဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ အီရန်နဲ့ လက်ဘနွန်ကို ဆက်လက်တိုက်ခိုက်နေဦးမယ်လို့ ပြောပါတယ်။
အီရန်ဓာတ်အားပေး စက်ရုံတွေကို အမေရိကန်က ခြိမ်းခြောက်မှု ပြုခဲ့တာကြောင့် အီရန်ကလည်း သူတို့ပြန်လည်တိုက်ခိုက်မယ့် ပင်လယ်ကွေ့နိုင်ငံများရှိ ဓာတ်အားပေးစက်ရုံများ နဲ့ ရေနံချက်စက်ရုံများ စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment