ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုနေမှု သွားရောက်ဖူးမျှော်ကြည်ညို၍ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုနေမှု သွားရောက်ဖူးမျှော်ကြည်ညို၍ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်း





တောင်ကြီး၊ မတ် ၂၅

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်သည် ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ တာဝန်ရှိသူများနှင့်အတူ ၂၃-၃-၂၀၂၆ရက်နေ့က တောင်ကြီးမြို့၊ အတုလမာရဇိန်ဆုတောင်းပြည့်မြတ်စွာဘုရား မြို့လယ်ဓမ္မာရုံ၌ သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန် စာမေးပွဲဖြေဆိုနေမှုကို သွားရောက်ကြည့်ရှုဖူးမျှော်ကြည်ညိုကြကြောင်း သိရသည်။

ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲတွင် ကြီးကြပ်နေသော တောင်ကြီးမြို့၊ နိုင်ငံတော်ဩဝါဒါစရိယ စွန်းလွန်းဂူကမ္မဋ္ဌာန်းကျောင်းတိုက်ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယဘဒ္ဒန္တ အဂ္ဂဓမ္မာဘိဝံသနှင့် ဆရာတော်ကြီးများအား ဖူးမျှော်ကြည်ညိုပြီး စာပြန်ပွဲအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က အလှူငွေကျပ်သိန်း(၅၀) ပေးအပ် လှူဒါန်းရာ အတုလမာရဇိန်ဆုတောင်းပြည့်မြတ်စွာဘုရား၊ မြို့လယ်ဓမ္မာရုံဂေါပကအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က ဆရာတော်၊ သံဃာတော်ကြီးများအား အအေးဗူးများဆက်ကပ်လှူဒါန်းပေးကြပြီး အလှူရှင်များမှ အလှူငွေများ ပေးအပ်လှူဒါန်းပေးအပ်ရာ မြို့လယ်ဓမ္မာရုံဂေါပအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့​ကြကြောင်းသိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန် စာမေးပွဲဖြေဆိုနေသည့် စာဖြေသံဃာများအား ကြည့်ရှုဖူးမျှော်ကြည်ညိုကြကြောင်းသိရသည်။

အဆိုပါ အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲကို မတ်လ(၂၃)ရက်မှ ဧပြီလ (၄)ရက်နေ့ထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ပြီး အစိုးရဓမ္မာစရိယတွင် ဖြေဆို(၇၅၁)ပါး၊ ပါဠိပထမပြန်စာမေးပွဲ အကြီးတန်းတွင်(၅၃၂)ပါး၊ အလတ်တန်း(၈၇၆)ပါး၊ အငယ်တန်း (၁၉၀၅)ပါး၊ မူလတန်း(၃၁၂၀)ပါး စုစုပေါင်း (၇၁၈၄)ပါးနှင့် ကြီးကြပ်ဆရာတော်(၄၅၆)ပါး၊ သီလရှင်(၈)ပါး၊ လူပုဂ္ဂိုလ်(၃)ဦးဖြေဆိုကြပြီး ပါဠိပထမပြန်စာမေးပွဲကို မတ်လ(၂၉)ရက်နေ့တွင် တောင်ကြီးမြို့၊ ကမ္ဘောဇသာသနာ့ဗိမာန်၌ ဖြေဆိုကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရသည်။


မောင်မောင်သန်း(တောင်ကြီး)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)