မတ် - ၅ ( ကြာသပတေးနေ့ )
ကျောင်းသားဗီဇာတောင်းခံမှုတွေ တိုးမြင့်လာပြီးနောက် ဗီဇာအလွဲသုံးစားမှုနှင့် နိုင်ငံရေးခိုလှုံခွင့်များကို ထိန်းချုပ်နိုင်ဖို့အတွက် ဗြိတိန်က နိုင်ငံလေးနိုင်ငံမှ ကျောင်းသားဗီဇာကို ခေတ္တရပ်ထားလိုက်တယ်လို့ သိရပါတယ်။ ပုံမှန်မဟုတ်တဲ့ ခိုလှုံခွင့်တောင်းဆိုမှု တိုးမြင့်လာပြီးနောက် နိုင်ငံလေးနိုင်ငံအား ကျောင်းသားဗီဇာများကို ယူကေအစိုးရက ဆိုင်းငံ့ထားလိုက်ပါတယ်။
အာဖဂန်နစ္စတန်၊ ကင်မရွန်း၊ မြန်မာနှင့် ဆူဒန် နိုင်ငံလေးခုမှ ကျောင်းသားဗီဇာများကို ဗီဇာစည်းကမ်းချိုးဖောက်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဗြိတိန်အစိုးရမှ အမိန့်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ အာဖဂန်နစ္စတန်၊ ကင်မရွန်း၊ မြန်မာနှင့် ဆူဒန်နိုင်ငံတို့မှ ကျောင်းသားများအတွက် ကျောင်းသားဗီဇာ ထုတ်ပေးခြင်းကို ဆိုင်းငံ့ထားရန် လိုအပ်ကြောင်း ယူကေပြည်ထဲရေးအတွင်းဝန် ရှာဘာနာမာမွတ် က ပြောပါတယ်။ အဆိုပါနိုင်ငံလေးခုမှ ကျောင်းသားများက ယူကေကို ကျောင်းသားဗီဇာနဲ့ လာရောက်ပြီးနောက် ခိုလှုံခွင့်ကို တောင်းခဲ့ကြလို့ပဲဖြစ်ပါတယ်။ ၂၀၂၁ ကနေ ၂၀၂၅ အတွင်း ခိုလှုံခွင့် တောင်းခံသူက ၃ ဆ မြင့်တက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အဆိုပါ လေးနိုင်ငံမှ ကျောင်းသားများအကြား ခိုလှုံခွင့်လျှောက်ထားမှု ဝေစုသည် ကြောက်စရာကောင်းလောက်အောင် မြင့်တက်လာပြီး လက်ရှိတွင် လေးနိုင်ငံမှ ကျောင်းသား ၁၆,၀၀၀ ကျော်သည် ယူကေအစိုးရရဲ့ ပံ့ပိုးမှုနှင့် ကြီးကြပ်မှုအောက်တွင် ရှိနေပါတယ်။ အာဖဂန်ကျောင်းသား ၉၅ ရာခိုင်နှုန်းကျော်သည် ခိုလှုံခွင့်လျှောက်ထားခဲ့ကြောင်း ဗြိတိန်အစိုးရက ထုတ်ဖော်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံက ကျောင်းသားများ ခိုလှုံခွင့်လျှောက်ထားတဲ့ ပမာဏက ၁၆ ဆ တိုးလာခဲ့ပါတယ်။ ကင်မရွန်းနှင့် ဆူဒန် ၂နိုင်ငံပေါင်း ခုံလှုံခွင့် လျှောက်ထားတာက ၃၃၀ ရာခိုင်နှုန်းဖြစ်နေတယ်လို့ သိရပါတယ်။
REF: The Nation
#News #MNP

No comments:
Post a Comment