(၄၂) ကြိမ်မြောက် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

(၄၂) ကြိမ်မြောက် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်



မနီလာ၊ မတ် ၄

အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (The ASEAN Intergovernmental Commission on Human Rights- AICHR)၊ မြန်မာကိုယ်စားလှယ် ဦးညွန့်ဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ၂၄-၂-၂၀၂၆ ရက်မှ ၂၇-၂-၂၀၂၆ ရက်အထိ ကျင်းပခဲ့သည့် (၄၂) ကြိမ်မြောက် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ဖိလစ်ပိုင်နိုင်ငံ၊ AICHR ကိုယ်စားလှယ် H.E. Severo S. Catura က သဘာပတိအဖြစ် ဆောင်ရွက်၍ အာဆီယံနိုင်ငံများမှ AICHR ကိုယ်စားလှယ်များ/ ခေတ္တ ကိုယ်စားလှယ်များ၊ AICHR ကိုယ်စားလှယ်များ၏ လက်ထောက်များနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။ 

အစည်းအဝေးတွင် ဘေးကင်းသန့်ရှင်းကျန်းမာ၍ ရေရှည်တည်တံ့သည့် ပတ်ဝန်းကျင် အခွင့်အရေးဆိုင်ရာ အာဆီယံကြေညာစာတမ်းအပေါ် ဒေသတွင်းလုပ်ငန်းစီမံချက် ဖော်ဆောင်ရေးလုပ်ငန်းစဉ်တစ်ရပ်ရေးဆွဲရန် ဆွေးနွေးသဘောတူခဲ့ကြပါသည်။ ငြိမ်းချမ်းရေး၊ အားလုံးပါဝင်သည့် တိုးတက်မှု၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိခွင့် မြှင့်တင်ရေး ဆိုင်ရာ အာဆီယံကြေညာစာတမ်းကို အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ဆက်လက် လုပ်ဆောင်မည့် အစီအစဉ်များ၊ ၂၀၂၆ ခုနှစ်တွင် ဆောင်ရွက်ရန် ရေးဆွဲထားသည့် အစီအမံများကို ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် အာဆီယံအဖွဲ့ဝင် (၁၁) နိုင်ငံမှ AICHR ကိုယ်စားလှယ်များနှင့် ခေတ္တ ကိုယ်စားလှယ်များက ဒေသတွင်းလူ့အခွင့်အရေးဆိုင်ရာ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများ၊ ဥပဒေသစ်များ၊ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်များ၊ မူဝါဒများနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသတွင်း ပေါ်ပေါက်လာသည့် စိန်ခေါ်မှုများ အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှုများ တိုးတက်စေရန် AICHR ၏ လုပ်ငန်းများအပေါ် ပြန်လည်ဆန်းစစ်မည့် အစီအစဉ်များ၊ AICHR ၏ ဦးစားပေးလုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖော်ရာတွင် ဖြစ်ပေါ်တိုးတက်မှုများ၊ AICHR ၏ ငါးနှစ်တာလုပ်ငန်းအစီအစဉ် (၂၀၂၆-၂၀၃၀) စောင့်ကြည့် စစ်ဆေးခြင်းနှင့် အကဲဖြတ်ခြင်း ဆိုင်ရာ မူဘောင်များရေးဆွဲရေး၊ (၅၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တင်ပြမည့် AICHR ဥက္ကဋ္ဌ၏ ဆွေးနွေးချက်နှင့် ၂၀၂၆ ခုနှစ် AICHR ၏ နှစ်စဉ် အစီရင်ခံစာတို့ အပါအဝင် (၅၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကာလအတွင်း ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် AICHR ကိုယ်စားလှယ်များ၏ တွေ့ဆုံပွဲအတွက် ပြင်ဆင်ထားရှိမှုများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)