မြောက်ဥက္ကလာပမြို့နယ်ရှိ လပြည့်စည်ဘီယာ နှင့် စားသောက်ဆိုင်တွင် မီးလောင်မှု ဖြစ်ပွား - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်ရှိ လပြည့်စည်ဘီယာ နှင့် စားသောက်ဆိုင်တွင် မီးလောင်မှု ဖြစ်ပွား


မြောက်ဥက္ကလာ၊ မတ် ၁၉ 

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (စ)ရပ်ကွက်၊ သိင်္ဂီလမ်းရှိ စစ်မှုထမ်းဟောင်း၊ သက်သာဆိုင်ခန်း၊ အမှတ်(၈/၉/၁၀)၊ လပြည့်စည်ဘီယာ နှင့် စားသောက်ဆိုင်တွင် မတ် ၁၈ ရက်နေ့ ညနေ ၆ နာရီ ၄၀ အချိန် ခန့်က  မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြောက်ဥက္ကလာပမြို့နယ်၊ (စ)ရပ်ကွက်၊ သိင်္ဂီလမ်းရှိ စစ်မှုထမ်းဟောင်း၊ သက်သာဆိုင်ခန်း၊ အမှတ်(၈/၉/၁၀)၊ လပြည့်စည်ဘီယာ နှင့် စားသောက်ဆိုင်တွင် မီးလောင်နေကြောင်း သတင်းအရ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစည်သူမျိုးဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့၀င်များ၊ အရန် မီးသတ်တပ်ဖွဲ့၀င်များက မီးငြိမ်းသတ်ယာဉ်များဖြင့် အခင်းဖြစ်ပွားရာ နေရာသို့ သွား ရောက်မီးငြိမ်းသတ်ရာ ညနေ ၆  နာရီ ၅၃ မိနစ် အချိန်ခန့်က မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။ 

မီးလောင်ကျွမ်းရခြင်းမှာ မြောက်ဥက္ကလာပမြို့နယ်၊ (စ)ရပ်ကွက်၊ သိင်္ဂီလမ်းရှိ စစ်မှုထမ်းဟောင်း၊ သက်သာဆိုင်ခန်း၊ အမှတ်(၈/၉/၁၀)၊ လပြည့်စည်ဘီယာ နှင့် စားသောက်ဆိုင်တွင် ဘုရားမီး ပူဇော်ထားသော LED မီး အပူလွန်ကဲရာမှ အောက်ရှိ အ၀တ်အစားများပေါ်သို့ မီးပွားကျရာမှ မီးစတင် လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့်   အလျား ၃၅ ပေ၊ အနံ ၄၀ ပေ  သွပ်မိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်း(၂)ထပ် (၁)လုံး၊ Pessic Chiller ရေခဲ သေတ္တာ တစ်လုံး၊ Samsung ရေခဲ သေတ္တာတစ်လုံး၊ ဆိုင်သုံးပစ္စည်းအနည်းငယ် စုစု ပေါင်းတန်ဖိုး ၁၁၀၀၀၀၀ ကျပ်ခန့်  မီး လောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။ 

အဆိုပါ မီးလောင်မှုကြောင့်  ပိုင်ရှင် ဖြစ်သူ ဒေါ်သိင်္ဂီ (ဘ)ဦးမြင့်သိန်း၊ အသက် (၅၂) နှစ် ‌‌‌‌‌အားမြောက်ဥက္ကလာပမြို့မရဲစခန်းမှ (ပ)၁၄၇ /၂၀၂၆ /ပုဒ်မ-၂၅၈အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။


သက်လွင်စိုး 

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)